မ,တိုက်ခန်းရှေ့ရောက်တယ်ဆိုရင်ပဲ အောက်မှာဆင်းစောင့်နေတဲ့ စေရဲ့ရွှေရင်အေးလေးကို တွေ့လိုက်ရသည်။ အပေါ်က အဝါနုရောင်ဖျော့ဖျော့လေးကို လက်တို ခါးတိုလေးချုပ်ထားတာကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းက ပိုမိုထင်ပေါ်နေသည်။ မ,ခန္ဓာကိုယ်က မော်ဒယ်တွေလို အချိုးအစားမဟုတ်ပေမယ့် သူ့နေရာနဲ့သူရှိသင့်ရှိထိုက်တာတွေကြောင့် ကြည့်ရမဆိုးပေ။ မ,ကို မြန်မာဝတ်စုံနဲ့အပြင်မှာ တစ်ခါမှ မမြင်ဖူးတာမို့ စေ့မှာ မ,ကို ငေးကြည့်နေမိတာ မျက်တောင်တောင် မခတ်မိ။ မ,က ကားပေါ်ဝင်ထိုင်ကာ စေ့ရှေ့ လက်ကလေးရမ်းပြကာ ခေါ်တော့မှ အသိကပ်တော့သည်။
"မောင်... မောင်... သွားကြမယ်လေ"
"ဪ... အင်း"
"ဘာဖြစ်နေတာလဲ"
မ,အမေးကို မဖြေခင် စေက ကားထိုင်ခုံပေါ်ခေါင်းမှီချရင်း မ,ဘက်ကို ခေါင်းလေးငဲ့ကာ
"အရမ်းလှလို့... မနက်စောစောစီးစီး မ,အလှမှာမျောသွားတာ"
"အပိုတွေနော်... နှောင်းက မြန်မာဝတ်စုံဝတ်ရင် သိပ်ယုံကြည်ချက်မရှိလို့ ဘုရားတို့ ဘုန်းကြီးကျောင်းတို့သွားမှသာ ဝတ်ဖြစ်တာ... ပုံမှန်ဆို နှောင်းနဲ့မလိုက်သလို ခံစားရလို့ မဝတ်ဖြစ်ဘူး"
နှောင်းစကားကြောင့် မောင်က ခေါင်းထောင်လာကာ
"ဘယ်သူပြောလဲ မလိုက်ဘူးလို့ မောင့်ရဲ့မ,က ဘာဝတ်ဝတ် အကုန်လုံးနဲ့လိုက်ဖက်နေလို့ မောင်က သိပ်တောင်စိတ်ချချင်တာမဟုတ်ဘူး"
နှောင်း မောင့်ကို မျက်စောင်းထိုးကာ
"မောင်ပဲပြောသိလား"
"ဪ တကယ်ပါဆို... ဟားးးး မွှေးနေတာပဲ"
စကားပြောနေရင်း နှောင်းရဲ့ပါးပြင်ဖောင်းဖောင်းလေးထဲ နှာခေါင်းနစ်ဝင်သွားအောင် ဖိကပ်နမ်းလိုက်တဲ့မောင့်ကို မျက်လုံးလေးဝိုင်းကာ ကြည့်လိုက်ပြီး ကားထဲမှာ ဘယ်သူမှမမြင်ဘူးဆိုပေမယ့် ရှက်သွားကာ
"တော်ပြီ သွားကြမယ်လေ... မဟုတ်ရင်နောက်ကျသွားမှာစိုးလို့"
"အမိန့်တော်မြတ်အတိုင်းပါ"
💕Only one wish💕
Start from the beginning
