တွေးနေရင်း မျက်နှာတွေပူထူလာသလိုခံစားရတာကြောင့် တွေးလက်စကိုဖြတ်ကာ ရုပ်ရှင်ပြန်ကြည့်နေလိုက်သည်။ သို့ပေမယ့် ရုပ်ရှင်ထဲစိတ်မရောက်တော့ဘဲ ထိုအခြင်းအရာပေါ်ကိုသာ စိတ်ကရောက်နေတာမို့ လက်ကျန်ဝိုင်ကို အကုန်မော့ကာ ဆေးကြောစရာရှိတာဆေးကြောပြီး အိပ်စက်ခြင်းဆီသို့။ ကုတင်ပေါ်မှာ တစ်နာရီကျော်တဲ့အထိ မအိပ်နိုင်သေးပဲ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အတွေးတွေလွန်နေသည်။ ဟုတ်တယ် ဝိုင်သောက်တာများသွားလို့ ငါအတွေးတွေများနေတာ။ မနက် မောင်နဲ့ ဘုရားစောစောတက်မလို့ပါဆို ခုထိ အိပ်မပျော်သေး။ သိုးကောင်လေးတွေ ရေပြီးအိပ်ရမယ်။ သိုးကောင် ၁ကောင် သိုးကောင် ၂ကောင် သိုးကောင် ၃ကောင်။
💕💕💕💕💕💕💕💕💕💕
မနက် ၅နာရီ နှိုးစက်မြည်လာတာနဲ့ စေ ချက်ချင်းအိပ်ရာထပြီး ကုတင်ဘေးစားပွဲပေါ်မှာတင်ထားတဲ့ ရေခရားထဲမှရေကို ဖန်ခွက်ထဲထည့်ပြီး အဝသောက်ကာ ၁၀မိနစ်ခန့် သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခန်းထဲဝင်ကာ ရေနွေးနဲ့ရေချိုးလိုက်သည်။ ရေချိုးပြီးတာနဲ့ အဝတ်စားလဲခန်းထဲ ဝင်ကာ ရှပ်အင်္ကျီနဲ့ ပုဆိုးကွက်စိပ်လေးဝတ်လိုက်သည်။ ပုဆိုးက မဝတ်တာကြာပြီမို့ မကျွတ်အောင် သေချာဝတ်ထားရသေးတယ်။
ယောကျာ်းလေးလည်း အသားအရေကို ဂရုစိုက်ဖို့လိုအပ်တာကြောင့် Moisture ကိုတော့ မဖြစ်မနေ စေလိမ်းတတ်သည်။ ဆံပင်ကို သေချာဖြီးသင်ပြီးနောက် ရေမွှေးဆွတ်ကာ ပြင်ဆင်ခြင်းကို လက်စသက်လိုက်သည်။ ကားသော့နဲ့ပိုက်ဆံအိတ်ကို ယူကာ အောက်ထပ်ဆင်းလာရင်း နံရံကပ်ဖိနပ်စင်ကို ဖွင့်လိုက်ကာ တစ်ရံတည်းသာရှိတဲ့ ကတ္တီပါ ညှပ်ဖိနပ်ကိုယူပြီး ဖိနပ်နှစ်ဖက်ကို အချင်းချင်းရိုက်ပြီး ဖုန်ခါလိုက်သည်။ ဒီတစ်ရံတောင် ပြန်ရောက်တုန်းက မိသားစုနဲ့ဘုရားသွားတုန်းက ဝယ်ထားဝာာပင်။ ဖိနပ်စီးပြီးတာနဲ့ တံခါးဖွင့်ပြီး ကားရှိရာသို့ ခြေလှမ်းကျဲတို့ဖြင့်လျှောက်လာသည်။ ၆နာရီမတ်တင်းတောင်ဖြစ်နေပြီမို့ မ,နဲ့ချိန်းထားတာ ၆နာရီလေ။ နောက်ကျမှာစိုးလို့ ကားကို လေအလျင်လို အမြန်မောင်းလာလိုက်သည်။ မနက်စောစောကားလမ်းမပိတ်လို့တော်သေးသည်။
💕Only one wish💕
Start from the beginning
