💕Only one wish💕

Start from the beginning
                                        

နေ့လည်စာကို‌ ပေါ့ပေါ့ပါးပါး ထမင်းသုပ်စားလိုက်ပြီး လျှော်စရာအဝတ်တွေလျှော်ကာ အခန်းသန့်ရှင်းရေးပါတစ်ခါတည်း လုပ်လိုက်သည်။ နေ့လည် ၂နာရီလောက်မှာ မောင်က အလုပ်ကိစ္စအားလုံးပြီးလို့ နှောင်းဆီဖုန်းခေါ်တာကြောင့် နှစ်ယောက်သားဖုန်းပြောဖြစ်လိုက်သေးသည်။

ပိတ်ရက်ဆိုလည်း ပိတ်ရက်အလျောက် ဟိုလုပ်ဒီလုပ်နဲ့မအား ညနေ ၅နာရီလောက်မှာ ရေနွေးနဲ့ရေစိမ်ချိုးလိုက်တော့ တစ်နေ့လုံးညောင်းညာတာတွေက ယူပစ်သလိုပျောက်သွားသည်။ ရေချိုးပြီးတာနဲ့ ဆောင်းတွင်းမို့ အသားအရေကို နဂိုထက်ပိုဂရုစိုက်ရသည်။ မျက်နှာကို Moisture လိမ်းပြီး ‌တစ်ကိုယ်လုံးကို အစိုဓာတ်ဖြည့်တင်းဖို့ Lotion ကို အားရပါးရလိမ်းပလိုက်သည်။

ဒီဇင်ဘာလထဲရောက်နေပြီမို့ အေးစက်တဲ့ညအတွက် အကောင်းဆုံးအဖော်မွန် ဝိုင်အနည်းငယ်ကို ဖန်ခွက်လေးထဲထည့်လိုက်ပြီး ကုတင်ပေါ်စားပွဲခုံလေးတင်ကာ စောင်ကိုလုံအောင်ခြုံပြီး Laptop ကို စားပွဲပေါ်တင်ကာ ကျောနောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး Netflix ထဲက ရုပ်ရှင်တစ်ကားကို ရွေးလိုက်သည်။ ဒီရက်ပိုင်း English Movie တွေဘက် ဓာတ်ကျနေတဲ့နှောင်းက အခုလည်း English Romance Movie တစ်ခုကို ကြည့်နေခြင်းဖြစ်သည်။

ဇာတ်လမ်းက Romance ဆိုတဲ့အတိုင်းဇာတ်ဆောင် နှစ်ယောက်ရဲ့ကြည်နူးဖွယ်ရာ ချစ်ဇာတ်လမ်းလေးဖြစ်သည်။ ‌ကြည့်နေရင်း နာရီဝက်ကျော်လောက်ကြာတဲ့အခါမှာတော့ အနမ်းခန်းဇာတ်ဝင်ခန်းကြောင့် မောင့်ကို ရုတ်တရက်သတိရသွားသည်။ အခုချိန်ထိ မောင်က နှောင်းရဲ့ပါး၊ နှ‌ဖူးနဲ့ လက်လေးကိုသာ နမ်းလေ့ရှိသည်။ အခုထိ နှုတ်ခမ်းကိုမနမ်းပေ။

ရုတ်တရက် ထိုအကြောင်းကို တွေးမိတော့ ဘာလို့လဲဆိုပြီး ပြန်စဉ်းစားရသည်။ ဒီကြားထဲ နှောင်းလည်း အမှုမဲ့အမှတ်မဲ့မလား။ ရုပ်ရှင်တွေထဲမှာဆို ချစ်တယ်ကြိုက်တယ်ဆိုပြီးတွဲကြပြီဆို နှုတ်ခမ်းခြင်းဖွဖွလေး ထိကပ်နမ်းတာမျိုး၊ နက်နက်ရှိုင်းရှိုင်းနမ်းတာမျိုး လုပ်ကြတယ်မလား။ မောင်ကျတော့ ဘာလို့လဲ။ နှောင်းကို ဘာလို့မနမ်းတာလဲဆိုပြီး မေးကြည့်လို့ကလည်း မကောင်း၊ ကိုယ်ကစနမ်းလို့ကလည်း မနမ်းတတ်တဲ့အပြင် ဘယ်ကစရမှန်းမသိ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now