"......"
"Ning, Sawng, Saam, Sii............"
ဒီလိုနဲ့ တစ်ရာရီခွဲကြာချိန်မှာတော့ ဒီနေ့အတွက် သင်တန်းချိန်ပြီးသွားတာမို့ နှုတ်ဆက်ပြီး Zoom ထဲ ကထွက်လိုက်သည်။ ကျောနောက်က ဆိုဖာပေါ်မှီထိုက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်လှန်ချလိုက်တော့ နောက်ကျောဘက်က အရိုးအဆစ်တွေက တကျွပ်ကျွပ်နဲ့ အသံမြည်သွားသည်။ အားးးး ခုမှပဲ အညောင်းပြေသွားတော့သည်။ ၅မိနစ်လောက် ဒီအတိုင်းနေပြီးတာနဲ့ စားပွဲပေါ်က စာအုပ်တွေကို သိမ်းကာ Laptop ကို အားသွင်းလိုက်သည်။
နှောင်းက ဘာသာစကားလေ့လာရတာကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သွားပြီဆို နောက်ဘာသာစကားတစ်ခုကို ဆက်သင်နေပြီဖြစ်သည်။ နှောင်းက English နဲ့ Japan စာကို အဝေးသင်တတ်ကတည်းက သင်ကြားခဲ့တာကြောင့် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည်။ ပြီးတော့ အသည်းနှလုံးတွေက ကင်ချီမြေမှာရှိတာမို့ Korea ဘာသာစကားကိုလည်း သင်လိုက်သေးသည်။ အခု Korea စကားလည်း တတ်မြောက်သွားပြီမို့ ဦးနှောက်ကို သံချေးမတက်အောင် နောက်ထပ်ဘာသာစကားတစ်ခုအဖြစ် ထိုင်းစကားကို စတင်သင်ကြားနေတာဖြစ်သည်။ ထိုင်းမှာလည်း အဆင်လေးတွေပေါတယ်မလား ဟဲဟဲ။
ဖုန်းထဲ Message ဝင်လာသံကြောင့် ကြည့်လိုက်တော့ မောင့်ဆီကဖြစ်ပြီး Telegram ကနေ ပုံပို့ထားတာဖြစ်သည်။ ဝင်ကြည့်လိုက်တော့ စားစရာပုံတွေဖြစ်ကာ ဘဲကင်အပြင် တစ်ခြားတရုတ်အစားအစာမျိုးစုံကိုလည်း တွေ့ရသည်။ နှောင်းပုံကိုကြည့်နေတုန်းမှာပဲ မောင်က စာတစ်စောင်ထပ်ပို့လာသည်။
📨 ဒီဆိုင်ကဟင်းတွေ အရသာအရမ်းရှိတယ် နောက်တစ်ခါ မ,နဲ့အတူ လာစားကြမယ်နော် 📨
ကဲ အဲ့ဒါသာကြည့်တော့ ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် နှောင်းဆီဖုန်းမဆက်ဖြစ်ရင်တောင် စာအမြဲပို့တတ်တဲ့ မောင်ပါလေ။
နှောင်း မောင့်ထံ အသည်းပုံ Sticker လေး ပြန်ပို့လိုက်သည်။ ချက်ချင်း Seen ဖြစ်သွားတဲ့အပြင် နှောင်းကို အသည်းပုံလေးထပ်ပို့လာတာကြောင့် နှောင်း ရယ်လိုက်ပြီး ဖုန်းကိုပိတ်လိုက်သည်။ ဒီနေ့မောင်က စတူဒီယိုဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဧည့်သည်တွေနဲ့တွေ့မယ်ပြောထားတာကြောင့် အခုလည်း ဧည့်သည်တွေနဲ့အတူ နေ့လည်စာစားနေတာပဲဖြစ်ရမည်။ ဧည့်သည်တွေရှေ့ မောင်က ရည်းစားနဲ့ကြူနေရင် အမြင်မတော်မှာစိုးတာကြောင့် နှောင်းဘက်က စာမပြန်တော့တာဖြစ်သည်။
💕Only one wish💕
Start from the beginning
