💕Only one wish💕

Começar do início
                                        

ခုဆိုတွဲနေတဲ့သက်တမ်းက ၁၀ရက်ကျော်နေပြီဖြစ်သည်။ မောင်ကတော့ အမြဲနှောင်းအပေါ် ဂရုစိုက်ပေးနေဆဲပါပဲ။ မောင့်ဘက်က နှောင်းသူငယ်ချင်းတွေနဲ့ မိတ်ဆက်စေချင်ပေမယ့် နှောင်းဘက်က နေပါဦး အချိန်တန်ရင်
မိတ်ဆက်ပေးမယ်ဟုသာ ပြောထားရသည်။ တီမြိုင်တို့နဲ့မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပေမယ့် ဒီလထဲ လင်းမွေးနေ့လည်းရှိတာက တစ်ကြောင်း၊ တီမြိုင်တို့ရဲ့ နှစ်ပတ်လည် Anni ရှိသေးတာက‌တစ်ကြောင်းနဲ့ နောက်လဆိုပဲ နှစ်သစ်ရောက်ပြီမို့ အဲ့ကျမှ ‌တစ်ရက်ချိန်းပြီး တွေ့ပေးဖို့တော့ စဉ်းစားထားသည်။ ဒါပေမယ့် နှောင်းစိတ်ကူးကိုတော့ မောင့်ကိုမပြောပြဖြစ်သေး။

တီမြိုင်တို့ Anni ဆိုမှ သတိရတယ်။ ဒီတစ်ခေါက် တီမြိုင်နဲ့လေးနိုင်တို့ အိမ်ထောင်သက် နှစ် ၂၀ပြည့်တာမို့ အားလုံးစုပြီး ခရီးထွက်ဖို့စီစဉ်ထားကြသည်။ ပုံမှန်ဆို ဒီဇင်ဘာပိတ်ရက် ခရီးထွက်နေကြပေမယ့် ဒီနှစ်တော့ နှစ်၂၀ပြည့်ကို မိသားစုနဲ့ပျော်ပျော်ပါးပါးကျင်းပချင်တဲ့ဆိုတဲ့ တီမြိုင့်ဆန္ဒကြောင့် နှောင်းတို့တွေ ရက်ရှည်ခရီးထွက်ကြမှာဖြစ်သည်။ ထိုအကြောင်း မောင့်ကိုမပြောရသေး။ သတိမေ့နေတာကြည့်ဦး။ မနက်ဖြန်တွေ့တဲ့အခါ သေချာပေါက် ပြောရမယ်။

ထိုင်ရာမှထပြီးစားပြီးသား ပန်ကန်းကိုဆေးလိုက်ကာ အတန်းချိန်လည်း နီးနေတာကြောင့် Laptop ကို စားပွဲပေါ်တင်ကာ စာအုပ် ဘောပင်နဲ့စာရေးကိရိယာတွေကို ပြင်ဆင်ထားလိုက်ပြီး ရေခဲသေတ္တာထဲက အအေးတစ်ဗူးယူကာ စာလုပ်ရင်းသောက်ဖို့ စားပွဲပေါ်တင်ထားလိုက်သည်။ ဆိုဖာရှေ့မှာ မွှေးပွအခင်းလေးခင်းထားတာကြောင့် ထိုင်ရတာနွေးတဲ့အပြင် ထိုင်ရတာညောင်းလို့ ကျောဆန့်ချင်ရင် ဆိုဖာကိုမှီလို့ရတာကြောင့် တစ်အိမ်လုံးမှာ အိပ်ရာပြီးရင် ဒီနေရာလေးကို နှောင်းအကြိုက်ဆုံးပင်။

Zoom ကို ဖွင့်ကာ Group ထဲ ဝင် Join လိုက်သည်။ ၂မိနစ်လောက်နေတော့ နှောင်းထက် ၂နှစ်လောက်ငယ်မယ်ထင်ရတဲ့ ဖြူဖြူနုနု‌မိန်းကလေးမျက်နှာက Screen ထက်ပေါ်လာပြီး

"Sawatdii Taawn Chao ... ဒီနေ့မှာတော့ အာကျန်က ကိန်းဂဏန်းရေတွက်ပုံတွေကို သင်ပေးမှာဖြစ်ပါတယ်... အရင်ဆုံး အာကျန်ဆိုတာကို Mute လုပ်ပြီး ‌နားထောင်ပေးနော်... ပြီးကျရင် နောက်တစ်ခေါက် အတူတူလိုက်ဆိုပေးပါ"

💕 Feeling of Love 💕 (Unicode Ver)Onde histórias criam vida. Descubra agora