နှောင်းက ထမင်းစားရင် ဇွန်းတိုနဲ့မစားတတ် ဇွန်းရှည်နဲ့သာစားတတ်တာမို့ ဇွန်းနဲ့အားရပါးရ ဇလုံထဲကမုန့်ဟင်းခါးနဲ့ထမင်းအားလုံးနှံ့သွားအောင် နယ်လိုက်သည်။ ထိုဇလုံကို စားပွဲပေါ်တင်ရင်း ဓာတ်ဘူးထဲကရေနွေးကို ဖန်ခွက်ထဲထည့်ကာ ဆိုဖာရှေ့ကြမ်းပြင်မှာ ဝင်ထိုင်လိုက်ပြီး တပလ္လင်ခွေထိုင်ကာ နယ်ထားတဲ့မုန့်ဟင်းခါးကို အားရပါးရစားပါတော့သည်။ ဒါဟာ နှောင်းစားနေကျ မုန့်ဟင်းခါးမနက်စာပင်။
မနက်စာဆို အများကြီးနဲ့ အားရပါးရစားတတ်သောနှောင်းက မောင့်လို ကော်ဖီတစ်မျိုးတည်းသောက်ရမယ်ဆိုရင် သေသွားမလားတောင်မပြောတတ်။ မောင်က နှောင်းမနက်စာ အများကြီးစားတတ်မှန်းသိပြီးကတည်းက မနက်စာအဝစားလို့ရမယ့် ဆိုင်မျိုးကိုသာရွေးခေါ်သွားလေ့ရှိသည်။ ဥပမာ နန်းကြီးသုပ် မြီးရှည်
ရတဲ့ဆိုင်မျိုးပေါ့။ စားရင်လည်း နှောင်းကသာ တစ်ပွဲကုန်တဲ့အပြင် အစာပိတ်အနေနဲ့တစ်ခုခုစားသေးသော်လည်း မောင်ကတော့ တစ်ပွဲဆို တစ်ဝက်လောက်ပဲစားကုန်သည်။ နှောင်းနဲ့မောင်နဲ့က တကယ့်ကို မတူညီတဲ့အရာတွေ နေထိုင်မှုဘဝပုံစံတွေ အများကြီးပင်။ ဒါပေမယ့် အခုချိန်ထိ ကြီးကြီးမားမားရော သေးသေးမွှားမွှားရော ဘာပြဿနာမှမရှိသေးပေ။ နှောင်းရဲ့ တစ်ဖက်ခြမ်း Dark Side ကိုလည်း မောင့်ကိုမပြောရဲသေး။
မပြောချင်သေးပေ။
ဟဲ့ပလုတ်တုတ်... မတွေ့ဖြစ်တာတောင် မနက်စာစားရင်း မောင့်အကြောင်းတွေးနေမိတာ မုန့်ဟင်းခါးတစ်ဇလုံလုံး ဘယ်လိုကုန်သွားမှန်းမသိ။ အရင်ကဆို YouTube ကြည့်ရင်း စားတတ်တဲ့နှောင်းဟာ ခုများတော့ မောင့်အကြောင်းတွေးနေမိသတဲ့။
ဘုရားရေ... ငါတော့ မောင့်အပေါ်တဖြည်းဖြည်းပျော်ဝင်နေပြီလား။ နှောင်းအနေနဲ့ မောင့်ကိုချစ်လားမေးရင် ချစ်ပါတယ်။ ဒါပေမယ့် စိတ်နှစ်ပြီးမချစ်ရဲဘူး။ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်ဆဲခဲ့ရင် နှောင်းခံနိုင်ရည်ရှိမှာမဟုတ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးပဲ
တွဲကြည့်နေပေမယ့် တဖြည်းဖြည်းနှောင်းရင်ထဲ နေရာယူလာတဲ့ မောင့်ကြောင့် နှောင်းနာကျင်မှာစိုးတယ်။
ပိုပြီးချစ်မိတဲ့သူက ပိုပြီးနာကျင်ရတယ်မလား။
💕Only one wish💕
Start from the beginning
