စားပွဲဝိုင်းတစ်ခုမှာထိုင်လိုက်ပြီးနောက်
"မောင်ကလည်း နှောင်းက အဝစားတာ ဒီမှာဆို ပိုက်ဆံအရမ်းကုန်လိမ့်မယ်ဆိုနေ"
"ရပါတယ်... မ,ရဲ့မောင်က ဒီလောက်တော့ဝယ်ကျွေးနိုင်ပါတယ်"
"ဟုတ်သားပဲ ဘီလျံနာကြီးဆိုတာကို မေ့နေတာ ဟွန့်"
ထိုသို့ပြောပြီး လာချပေးထားသော ဒင်းဆမ်းတွေကို တစ်ခုပြီးတစ်ခုစားနေတော့သည်။ စေလည်း မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် ဒင်းဆင်းတစ်ခုကို ယူစားလိုက်သည်။
စားနေရင်း တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတာကြောင့် ဖျတ်ခနဲ မ,ဆီလှမ်းကြည့်လိုက်တော့
ပါးစပ်ထဲမှာ ပလုတ်ပလောင်းဝါးနေရင်း တူကို
ပါးစပ်နားတေ့ထားတဲ့ မ,က အကြည့်လွှဲသွားသည်။
စေလည်း စိတ်ထင်တာနေမှာပါဟုတွေးပြီး စားစရာရှိတာဆက်စားနေပြီး ထူးဆန်းတဲ့ခံစားချက်ကြောင့် ရှေ့မှာထိုင်နေတဲ့ မ,ကို ပြန်ကြည့်တော့ မ,က စောနကလိုပဲ
စေ့ကို အကြည့်လွှဲကာ တစ်ဆိုင်လုံးကို မျက်လုံးကစားပြီး လိုက်ကြည့်နေသည်။
စေ မနေနိုင်ဝောာ့ဘဲ
"ဘာဖြစ်လို့လဲ, မ"
"ဟင်"
"ဘာလို့ မောင့်ကို ကြည့်နေတာလဲလို့"
"အမ်... အမ် မကြည့်... မကြည့်ပါဘူး... ဒီအတိုင်း... ဟို... ဟို... ဪ ဒီဟာက နှောင်းအရမ်းကြိုက်တာလေ... အဲ့ဒါ မောင်စားမှာစိုးလို့... နှောင်းတောင်းစားရင်ကောင်းမလား ဒါမှမဟုတ် မောင့်ကိုပြောရင်
ကောင်းမလားစဉ်းစားနေတာ ဟင်း ဟင်းး"
ထစ်ထစ်ငေါ့ငေ့ါပြောနေတဲ့ မ,ကို စေပြုံးရင်းကြည့်လိုက်ပြီး
"ယူစားပါ မ,ရဲ့... မဝသေးရင် ထပ်မှာလို့ရသေးတယ်"
"ဟင်း ဟင်း ရတယ် ရတယ် နှောင်းဝတယ်"
မောင်က နှောင်းကို ပြုံးပြပြီး စားစရာရှိတာဆက်စားနေသည်။ နှောင်းလည်း လန့်သွားပြီး နင်နေတာကြောင့် ဘေးမှာချထားတဲ့ ရေနွေးခွက်ကို ကောက်ကိုင်ကာ ရေနွေးသောက်ရင်း မောင့်ကိုကြည့်မိပြန်သည်။
💕Only one wish💕
Começar do início
