💕Only one wish💕

Comenzar desde el principio
                                        

"ပျင်းနေပြီလား မောင်"

"ဟင့်အင်း မပျင်းပါဘူး"

ဟုတ်တယ်လေ။
မ,ကို တစိမ့်စိမ့်ကြည့်နေတာ ပျင်းရအောင်မပြောနဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်းမသိပေ။

" မ,ထိုင်ဦးမလား... ဘုရားကို ပတ်ဦးမလား"

"ဘုရားကို တစ်ပတ်ပတ်မယ်လေ... ပြီးရင် အလှူငွေလည်း ထည့်ရဦးမယ်"

ပြောရင်းဆိုရင်း မ,က ထလိုက်တာကြောင့် စေလည်း ထလိုက်သည်။ ခြေထောက်ကျင်နေပုံရတဲ့ မ,က တစ်ချက်ယိုင်သွားလျှင် စေက မ,လက်မောင်းလေးကို ကိုင်ပြီး ထိန်းပေးလိုက်သည်။

"ကျေးဇူး မောင်"

"ရပါတယ်ဗျာ"

စေပြောရင်းပင် မ,ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ဘုရားကို တစ်ပတ်ပတ်လိုက်သည်။ မ,ကတော့ ဘဏ်ကနေ လဲထားတာလို့ပြောတဲ့ ၂၀၀တန် အသစ်တွေကို တွေ့သမျှ အလှူခံပုံးထဲ တစ်ရွက်ချင်းလိုက်ထည့်နေသည်။ ထို့နောက် အလှုခံဌာနမှာ စေက မ,လက်ကို ဆွဲပြီး မောင်စေညွှန်ရာ+ မနှောင်းရိပ်ငယ် ဆိုပြီး အလှူငွေ တစ်သောင်းလှူလိုက်သည်။

"ခဏနော် မောင်"

နှောင်း မောင့်ကို ခဏလို့ပြောကာ ပိုက်ဆံအိတ်ထဲက ၅ထောင်တန်တစ်ရွက်ထုတ်ပြီး အလှူခံဌာနမှာ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ရီရီဌေးအား ရည်စူး၍ ဆိုပြီး လှူဒါန်းလိုက်သည်။ မောင့်ကို ပြန်ကြည့်ပြီးနောက်

" နှောင်းမေမေလေ"

"ဪ"

ဝမ်းနည်းရိပ်သန်းသွားတဲ့မျက်ဝန်းလေးကြောင့် စေ မ,ပခုံးလေးကို ခပ်ဖွဖွလေးဖက်ထားလိုက်သည်။

အားလုံးပြီးစီးသွားတော့ အလှူခံဌာနကနေ စေတို့ထွက်လာခဲ့ကြသည်။ လော်စပီကာက ထွက်ပေါ်လာတဲ့ မောင်စေညွှန်ရာနဲ့မနှောင်းရိပ်ငယ် မှ အလှူငွေ တစ်သောင်းကျပ်တိတိလို့ကြော်ငြာသံကြောင့် စေ မ,ကို ပြုံးကာငုံ့ကြည့်တော့ မ,ကလည်း စေ့ကို ပြုံးကာ မော့ကြည့်နေသည်။ ဘုရားမှာ ရွေဆိုင်းကပ်လှူပြီးတာနဲ့ ဘုရားပေါ်ကပြန်ဆင်းလာကာ သွေးဆေးကန်ကို အရင်သွားလိုက်သည်။ သွေးဆေးကန်မှာ ငါးနဲ့ငှက်လွှတ်ပြီးတာနဲ့ ကားရပ်ထားရာ ဘုရားဝင်းထဲပြန်ဝင်ပြီး ကားကို ရှင်စောပုလမ်းရှိ Oriental House သို့ မောင်းလာလိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora