💕Only one wish💕

Start from the beginning
                                        

"မောင် အချိန်ရတယ်မလား... နှောင်း မေတ္တာသုတ်နဲ့ မဟာသမယသုတ် ရွတ်ချင်လို့... မိနစ် ၂ဝလောက်တော့ကြာမယ်"

"အင်းရပါတယ် မ,ရဲ့... အေးဆေးရှိခိုးပါ"

နှောင်း မောင့်ကို ခေါင်းညိတ်ပြလိုက်ပြီး ပုခုံးပေါ်တင်ထားတဲ့ ပုဝါလေးကို သေချာပြန်တင်ပြီး ဘုရားစရှိခိုးတော့သည်။ မေတ္တာသုတ်နဲ့ မဟာသမယသုတ်က နှောင်းရွတ်နေကြမို့ အလွတ်ရတာကြောင့် မျက်လုံးမှိတ်ကာ လက်အုပ်ချီလျက် ဘုရားကိုအာရုံပြုရင်း ရွတ်ဖတ်ပူဇော်နေလိုက်သည်။

ဘေးတစောင်းမြင်နေရတဲ့ မ,မျက်နှာလေးကို ငေးကြည့်ခွင့်ရတာ စေ့အတွက် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ပါးစပ်လေးလှုပ်ကာ အသံတိုးတိုးလေးဖြင့် ဘုရားစာဆိုနေတဲ့ ချစ်ရသူကိုငေးကြည့်ရင်း တွေးနေမိတာက မ,နားမှာ မ,ရဲ့လက်ကို ဆုပ်ကိုင်ခွင့်ရထားတာ စေ့အတွက်တော့ ဆုလာဘ်တစ်ခုပင်။ စောနက လှေကားထစ်တွေကို တက်လာရင်း လှေကားထစ်တွေက တက်ရတာ အဲ့လောက်ပျော်စရာကောင်းလားလို့တောင် တွေးမိသေးသည်။ နောက်တော့ စေ့ရဲ့လက်ဖဝါးထဲဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးကြောင့် စေ့မှာ လှေကားထစ်တွေတက်နေရတာလား တိမ်တွေပေါ်လမ်းလျှောက်နေရတာလား မသဲကွဲလောက်အောင် ကြည်နူးမိသည်။

ဒီနေ့ မ,က ဆံပင်တွေကို ပုလဲလုံး‌လေးတွေစီတန်းထားသည့် ဘေးထိုးကလစ်လေးနဲ့ တစ်ဖက်သိမ်းထားသည်။ ဆံပင်သိမ်းထားတဲ့ဘက်ခြမ်းမှာ စေက ထိုင်မိနေတော့ မ,ရဲ့ မျက်နှာလေးရဲ့ နူးညံ့ဝင်းမွတ်မှုကို အထင်းသားမြင်နေရသည်။ အမြဲလိုလို မိတ်ကပ်ပါးပါးလေးသာလိမ်းတတ်တဲ့ မ,က ဒီနေ့လည်း ပါးပါးလေးသာလိမ်းထားပြီး ပါးရိုးပေါ်မှာ မက်မွန်သီးရောင်ဖျော့ဖျော့လေး အရောင်တင်ထားတာကြောင့် ဝတ်ထားတဲ့အရောင်လေးနဲ့ လိုက်ဖက်ညီလှသည်။

မနေနိုင်စွာ မြင်နေရတဲ့ မ,ရဲ့ ဘေးတစ်စောင်းအနေအထားကို ဖုန်းဖြင့် အမှတ်တရ ဓာတ်ပုံ ၄၊၅ပုံလောက် ရိုက်လိုက်သည်။ ရိုက်ပြီးသွားတာနဲ့ ဖုန်းကို အင်္ကျီအိတ်ကပ်ထဲပြန်ထည့်ကာ မ,ကို ပြန်ငေးနေလိုက်သည်။ လက်တိုလေးဝတ်ထားတာကြောင့် ဝင်းဝါနေတဲ့အသားနုနုလေးတွေက ထိရက်စရာမရှိပေ။ စေကြည့်နေတုန်းမှာပဲ မ,က ဘုရားရှိခိုးဦးချနေတာကြောင့် စေက ခန္ဓာကိုယ်ကို ရှေ့ပြန်လှည့်ကာ ခပ်မတ်မတ်ထိုင်လိုက်သည်။ မ,ကဦးချပြီးတာနဲ့ စေ့ကို ပြုံးကြည့်ကာ

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now