💕 Holding Hands💕

Comenzar desde el principio
                                        

"ဘဲနဲ့ဒိတ်နေတာလား"

"အေး"

"အိုခေ ခုတော့ မလိုအပ်တော့ဘူးပေါ့...
ငါ မနှောင့်ယှက်တော့ပါဘူး"

"ဦးစုတ်... ဒါပဲ"

ဦးနဲ့ဖုန်းပြောပြီးတာနဲ့ နှမ်းဆီဘူးကိုယူကာ မောင့်ကိုကြည့်လိုက်ပြီး 

"ပိုက်ဆံသွားရှင်းရအောင်မောင်... နှောင်းဝယ်လို့ပြီးပြီ"

"အိုခေ"

နှောင်းတို့ကောင်တာမှာ ပိုက်ဆံရှင်းပြီး အထုတ်တွေများနေတာကြောင့် တွန်းလှည်းနဲ့ပဲ ကားပါကင်အရင်သွားကာ ဝယ်လာတဲ့အထုတ်တွေကို ကားနောက်ဖုံးထဲထည့်လိုက်သည်။ ပြီးမှ အပေါ်ကိုအေးဆေးပြန်တက်လာကာ
နေ့လည်စာစားဖို့ ဆိုင်ရှာတော့သည်။

ဆန်း‌ဒေးကလည်းဖြစ် နေ့လည်စာစားချိန်လည်းဖြစ်တာကြောင့် JC မှာ ဆိုင်ထိုင်ဖို့တော်တော်လေး အခက်တွေ့ရသည်။ နောက်ဆုံးချဉ်ငန်စပ်လေးစားချင်တာကြောင့် Thai Food တွေရောင်းတဲ့ Thai Restaurant တစ်ခုကိုသာ ဝင်လိုက်တော့သည်။ စားပွဲမှာထိုင်ပြီးတာနဲ့ ဝန်ထမ်းကောင်းလေး‌က Menu လာပေးတာကြောင့် နှောင်းယူကြည့်ကာ

"မောင် အစပ်စားနိုင်လား"

"အင်း နည်းနည်းပေါ့... အရမ်းအစပ်ကြီးတော့ မစားနိုင်ဘူး"

"ဟုတ်လား... အာ့ဆိုလည်း ထမင်းနဲ့တစ်ခါတည်းပါတဲ့ပွဲပဲမှာလိုက်မယ်လေ... မဟုတ်ရင် မောင် စပ်နေလိမ့်မယ်"

"အင်း မ, အဆင်ပြေတာမှာပေး"

"အင်း ဒါဆို ကဖောင်ထမင်း ဝက်သားနဲ့တစ်ပွဲ... မောင် ဝက်စတူးစားချင်လား"

"အင်း စားမယ်လေ"

"အာ့ဆို အစ်မကို ကဖောင်ထမင်း ဝက်သားနဲ့တစ်ပွဲ၊ ဝက်စတူးထမင်းတစ်ပွဲ၊ ဝက်ဂုတ်သားမီးကင်ထောင်းတစ်ပွဲ၊ ပုစွန်တုံယမ်းတစ်ပွဲ ပြီးတော့ Sunkist သီး‌ ဖျော်ရည်ရလား"

"ဟုတ်ကဲ့ရပါတယ်"

"အာ့ဆို Sunkist သီး ‌ဖျော်ရည်တစ်ခွက်... မောင်ရော"

"မောင်လည်း Sunkistပဲသောက်တော့မယ်"

"အာ့ဆို Sunkist သီး ဖျော်ရည်က နှစ်ခွက်နော် မောင်လေး"

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora