ကြက်သား ဝက်သားတွေကို အနည်းငယ်စီဝယ်ကာ CP ကြက်ဥချောင်းထုတ်နဲ့ ကိုရီးယားငရုတ်အနှစ်ဘူးကို တွန်းလှည်းထဲထည့်လိုက်သည်။ မနေနိုင်တဲ့ စေကပဲ
"မ တစ်နှစ်စာဝယ်နေတာများလား"
"များနေပြီမဟုတ်လား... ဒီတစ်ခေါက် အိမ်သုံးပစ္စည်းတွေပါ ကုန်နေလို့ ဝယ်နေရတာနဲ့ များသွားတာ"
အသီးတွေ အအေးတွေကိုလည်း ယူနေတာကြောင့် မက တကယ့်ကိုသရေစာကြိုက်တဲ့ပုံပင်။
"နှောင်းက ရေခဲသေတ္တာထဲမှာ အစားအသောက်က အပြည့်ဖြစ်နေမှ အဆင်ပြေတာ... တစ်ခါတစ်လေ
ညဘက်ကြီး ဗိုက်ဆာတတ်လို့လေ ဟီး... ဪ
မေ့နေတာ" ဆိုပြီး တစ်ခုခုကိုရှာဖို့ထွက်သွားတဲ့မကြောင့် စေ့မှာဘေးကနေ တွန်းလှည်းတွန်းပြီးလိုက်ရသည်။
တံဆိပ်ပေါင်းများစွာစီရီထားတဲ့ ဆီဘူးတွေရှေ့မှာ နှောင်းမတ်တပ်ရပြီး ဝယ်ရမယ့်တံဆိပ်ကို စဉ်းစားနေမိသည်။ မှတ်လာပေမယ့် အနီရောင်သာ မှတ်မိတော့တာကြောင့် နောက်ဆုံးတော့ ဖုန်းထုတ်ကာ ဦးဆီဖုန်းခေါ်လိုက်သည်။
"ဟယ်လို ဦး... နင်သုံးတဲ့ နှမ်းဆီတံဆိပ်ကဘာလဲ...
ငါဒီမှာ ဝယ်မလို့"
"........."
"ဪ တွေ့ပြီ ကျေးဇူးပဲ"
"နင် ဘယ်ရောက်နေတာလဲ နှောင်း"
"JC က Market Place မှာ"
"အာ့ဆို လမ်းကြုံ ငါ့ကို Air Freshener တစ်ဗူးလောက်ဝယ်လာခဲ့ပါလား... ငါပိုက်ဆံပြန်ပေးပါ့မယ်... ဒီဘက်မှာ ငါဝယ်တာမရလို့... (...)တံဆိပ် Lavender နံ့လေး"
"ဝယ်ပြီးပြီး နင်ကြိုက်တဲ့တံဆိပ်က ပစ္စည်းပြတ်တတ်လို့ ငါ၂ဗူးဝယ်ထားတယ်"
"ဟားးးး ကျေးဇူးပါဆရာမရယ်"
"အေး ကော်ဖီလည်း ဝယ်လာပေးထားတယ်... ငါ့ကို ပိုက်ဆံတော့ပြန်ပေးနော်"
"အေးပါ ပေးပါ့မယ်... နင်တစ်ယောက်တည်းလား
ငါလာကူသယ်ပေးရမလား"
"မဟုတ်ဘူး နင်လည်းမအားဘူးမလား"
တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့သဘောနဲ့ပြောနေတဲ့နှောင်းကြောင့် ရောင်နီရယ်လိုက်ကာ
💕 Holding Hands💕
Start from the beginning
