"ဪ ဒါဆို မက ကဖိန်းဓာတ်များလို့မရဘူးပဲ"
"အွန်း ဒါကြောင့် ဦးတို့နဲ့သောက်ရင် သူတို့ဆီက အမြဲတစ်ငုံဆီ ဂုန်းဆင်းနေကြ ဟီး"
"ဪ... ခုလည်း တစ်ခွက်လုံးအကုန်မသောက်နဲ့ဦးနော်... ရင်တုန်လာဦးမယ်"
"အင်းပါ... မောင်သောက်တဲ့ Espresso က
မပြင်းဘူးလားဟင်"
"မောင်က သောက်နေကျမို့ ဒါပဲသောက်ဖြစ်နေတာ"
"ဟွန့် ထူးဆန်းသားနော်... နှောင်းတို့နှစ်ယောက်က
တကယ့်ကို ဆန့်ကျင်ဘက်တွေချည်းပဲ... မောင်က ပန်းချီပညာရှင်၊ ကော်ဖီဆိုအပြင်းပဲသောက်တတ်တယ်... နှောင်းက ပန်းချီဆိုဘာမှမသိ၊ ကော်ဖီတောင်
မသောက်နိုင်ဘူး"
"ဒါပေမယ့် နှလုံးသားတွေကတော့ ထပ်တူကျတယ်လေ"
"စောင့်ကြည့်ရသေးတာပေါ့"
နှောင်း မောင့်ကို ပြုံးစစနဲ့ပြောလိုက်ပြီး ကျန်သေးတဲ့ ပူတင်းပေါင်မုန့်ကို ခရင်းနဲ့ထိုးပြီး ဓားလေးနဲ့အတုံးလေးတုံးရအောင် ပိုင်းလိုက်ပြီး အပိုင်းသေးလေးတစ်ပိုင်းကို ခရင်းနဲ့ထိုးကာ မောင့်ပါးစပ်နား တိုးပေးလိုက်သည်။ ပါးစပ်နားရောက်လာတဲ့ ပေါင်မုန့်ကြောင့် စေကြောင်ပြီး မကို ကြည့်လိုက်တော့
"ကော်ဖီချည်းပဲသောက်ရင် လေခံနေလိမ့်မယ်... ပေါင်မုန့်နည်းနည်းစား"
မ,စကားကြောင့် စေ ကျေနပ်ပီတိဂွမ်းဆီထိကာ ပါးချိုင့်လေးတွေပေါ်တဲ့အထိ ပြုံးလိုက်ပြီး မ,ခွံ့ကျွေးတာကို
စားလိုက်သည်။ စေစားဖူးသမျှထဲ အရသာအရှိဆုံး ပေါင်မုန့်ပင်။
"ဘယ်လိုလဲ ကောင်းတယ်မလား"
"အွန်း မ, ခွံ့ကျွေးတာမို့ထင်တယ် အရသာက
စားဖူးသမျှထဲ အကောင်းဆုံးပဲ"
"ဟုတ်ပါပြီတဲ့ရှင်"
"မ က ကိတ်မုန့်မကြိုက်ဘူးလား... စတွေ့တုန်းကလည်း မ ပေါင်မုန့်ပဲစားတာတွေ့လို့"
"ဟုတ်တယ် နှောင်းက ကိတ်မုန့်မကြိုက်ဘူး... ခရင်ကိုလည်း မကြိုက်သလို ကိတ်မုန့်အသားကိုလည်း မကြိုက်ဘူး... ဒါကြောင့် မွေးနေ့တွေမှာ ကိတ်မုန့်စားရင် အပေါ်က အသီးတွေပဲ ရွေးစားတာ ဟီး... Parisian မှာ ရောင်းတဲ့ ကိတ်မုန့်သေးသေးလေးတွေသိတယ်မလား... အဲ့သေးသေးလေးတောင် နှောင်းမကုန်ဘူး... အဲ့လောက်ထိ ကိတ်မုန့်ကိုမကြိုက်တာ"
💕 Holding Hands💕
Start from the beginning
