"ဘာကိုအားနာတာလဲ"
"ဘယ်လိုပဲပြောပြော အခုစေနဲ့နှောင်းနဲ့က တွဲနေကြပြီလေ... ပထမဆုံးနေ့မှာတင် လန့်ပြီးထွက်ပြေးသွားမှာစိုးလို့... နှောင်းပြောတယ်မလား... နှောင်းမှာ စေမသိနိုင်တဲ့ စေစိတ်ပျက်နိုင်တဲ့ အပြုအမူတွေရှိကောင်းရှိနေနိုင်တယ်ဆိုတာ... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကောင်လေးရှေ့တော့ အိန္ဒြေထိန်းသင့်တယ်မလား"
"မ,ကလည်း ချစ်သူတွေဆိုတာ ဒီလိုပဲ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ပေးရတာလေ... လူတိုင်းမှာ အားသာချက် အားနည်းချက်ဆိုတာရှိတယ်... မောင့်မှာလည်း မ,မကြိုက်တဲ့အကျင့်တွေ အားနည်းချက်တွေ ရှိကောင်းရှိနိုင်တာပဲ... ဒီလိုပဲ
ညှိယူကြရတာလေ...ပြီးတော့ မောင့်ရှေ့မှာ ဘာမှဟန်ဆောင်ဟန်ဆောင်လုပ်စရာမလိုဘူး...
မ ပင်ပန်းလိမ့်မယ်... ဒီအတိုင်း မောင်က မရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တာမို့ မောင့်ရှေ့မှာ မရဲ့နဂိုဖြစ်တည်မှုအတိုင်းပဲ နေပေးပါ"
"အိုခေလေ... နောက်မှ စိတ်ပျက်စရာကြီးဆိုလို့ကတော့ ဟွန့်"
"စိတ်ချပါဗျာ"
စေကသာ စကားအရှည်ကြီးပြောနေပေမယ့် နားထောင်နေတဲ့မကတော့ ပီဇာစားရင်း စေပြောတာကို နားထောင်နေသည်။ ဒီလိုနဲ့ပဲ စေ့မှာ ပီဇာတစ်စိတ်သာစားလိုက်ရတာဖြစ်သည်။
တွေးလက်စအတွေးကိုဖြတ်ပြီး လက်ရှိပစ္စုပ္ပန်ကို ရောက်ရှိလာချိန်မှာတော့ ရှေ့မှာထိုင်နေတဲ့ မက Vanilla Latte ကို သောက်နေသည်။
"ဘယ်လိုလဲ မ အဆင်ပြေလား"
"အွန်း စိမ့်စိမ့်လေးသောက်လို့ကောင်းတယ်"
"ကော်ဖီနဲ့က မတည့်တာလား မ"
"မပြောတတ်ဘူး... အရင်က Green Tea Latte တော့ သောက်ဖူးတယ် အဲ့တုန်းကဘာမှမဖြစ်ဘူး... နောက်တစ်ခါ ထပ်သောက်တော့ ရင်တုန်တယ်... Cappuccino တို့လည်း စမ်းသောက်ဖူးတယ်... ကော်ဖီပါတာ ဘာသောက်သောက် ရင်တုန်ပြီး မူးလာတာ... အာ့ကြောင့် အမြဲ နွားနို့ပဲသောက်ဖြစ်နေတာ"
"Tea သောက်ရင်ရောဖြစ်လား"
"အွန်း ဖြစ်တယ်... ဘယ်လိုပြောရမလဲ ကော်ဖီရော လက်ဖက်ရည်ရော တစ်ငုံလောက်သောက်ရင် ကိစ္စမရှိပေမယ့် ဒီလိုတစ်ခွက်လုံးဆို လူက ကတုန်ကရင်ဖြစ်ပြီး ရင်ထဲလှိုက်လှိုက်လှိုက်လှိုက်နဲ့ မူးလာတာ"
💕 Holding Hands💕
Start from the beginning
