💕 Holding Hands💕

Comenzar desde el principio
                                        

"အရသာရှိရှိသုံးဆောင်ပါဗျ"

"ကျေးဇူးတင်ပါတယ်"

ဝန်ထမ်းကောင်လေးထွက်သွားတာနဲ့ နှောင်းလည်း
ပီဇာပိုင်းလေးကို လက်နဲ့လှမ်းယူလိုက်သည်။ ပီဇာကို
လက်က ထိခါနီးမှာ ရှေ့မှာထိုင်နေတဲ့မောင့်ကို သတိရကာ ကြည့်လိုက်ပြီး 

"မောင်ရော စားဦးမလား"

"ဟင့်အင်း မ,ပဲစားပါ... မောင်က ကော်ဖီရှိရင်ရပြီ"

"အွန်း"

နှောင်းလည်း မောင်ကမစားတော့ဘူးဆိုတာနဲ့ ‌
ဗိုက်ဆာဆာနဲ့ ပီဇာလေးကို လက်ကကိုင်ကာ
အားရပါးရစားလိုက်သည်။

ရှေ့မှာထိုင်ပြီး ပီဇာကို အားရပါးရစားနေတဲ့ မ,ရဲ့ပုံက ချစ်စရာကောင်းတာမို့ စေ မြတ်နိုးစွာကြည့်နေမိသည်။ 
မက အစားစားနေချိန် တစ်ခြားမိန်းကလေးတွေလို ချစ်သူရည်းစားရှေ့ဆိုပြီး တို့ကနန်း ဆိတ်ကနန်းမစားတတ်။ မသိရင် စေနဲ့က ချစ်သူသက်တမ်းကြာနေတဲ့စုံတွဲတွေလို၊ ဘော်ဒါနဲ့အတူတူစားနေသလိုကို အားပါးတရစားနေတတ်တာဖြစ်သည်။ 

ပီဇာဆိုလို့ မှတ်မှတ်ရရ First Date ကို သတိရသွားသည်။ သူငယ်ချင်းတွေနဲ့တွေ့မှာမို့ စေ့ကိုအချိန်ပေး
ပေမယ့် ပေါ့ပေါ့ပါးပါးပဲစားကြမယ်ဆိုလို့ Pizza Company ကို သွားတာ။ L Size ကို စေ့မှာ
တစ်စိတ်ပဲစားလိုက်ရသည်။ နည်းနည်းပဲစားလိုက်ရလို့ ပြောချင်တာမဟုတ်။ မ,ရဲ့ပေါ့ပေါ့ပါးပါးဆိုတာ
ပီဇာတစ်ချပ်ကတော့ အေးဆေးပဲဆိုတာသိလိုက်ရတာ။ ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့လည်း စားကြသေးတာ။
ဒီလူကောင်သေးသေးလေးက ဒီလောက်ထိစားနိုင်မယ်လို့ မထင်ထားခဲ့မိတာအမှန်။

အဲ့နေ့ကလည်း ပီဇာရောက်လာတာနဲ့ ပီဇာကို လက်နဲ့လှမ်းလိုက်ပြီးမှ စေ့အရိပ်အခြေကိုကြည့်ကာ ဓားနဲ့ခရင်းကို အသုံးပြုပြီး ပန်းကန်သေးလေးထဲထည့်လိုက်တဲ့
မ,ပုံစံကြောင့် စေကပဲ ပီဇာတစ်စိတ်ကို လက်နဲ့လှမ်းယူပြီး

"ပီဇာဆိုတာ ဒီလိုမျိုးလက်နဲ့ကိုင်စားမှ အရသာရှိတာ
မ,ရဲ့"

စေ့စကားကို မျက်ဝန်းတောက်တောက်လေးတွေက ထောက်ခံကာ

"ဟုတ်တယ်နော်... ပီဇာဆိုတာ ဒီလိုစားမှအရသာရှိတာ... နှောင်းက ဒီလိုစားလိုက်ရင် စေ့ကိုအားနာလို့"

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora