"မောင်နော်"
"ဒီမှာ ပြန်အမ်းငွေပါရှင့်... ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
"Hawaiian Pizza ကို Microwave နဲ့ အပူပြန်ပေးပေးပါနော်"
"ဟုတ်ကဲ့အစ်ကို"
နှောင်းအတွက် Pizza ကို အပူပြန်ပေးဖို့မှာနေတဲ့
မောင့်ကို နှောင်းသဘောကျစွာကြည့်လိုက်သည်။
မဆိုးဘူး အလိုက်သိသားပဲ။
တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခေါက်နှောင်းထိုင်ခဲ့တဲ့နေရာလေးက လွတ်နေတာကြောင့် နှောင်းတို့ထိုနေရာလေးမှာပဲ ထိုင်လိုက်ကြသည်။ မျက်နှာချင်းဆိုင်ထိုင်နေတာမို့
"ဒီနေရာလေးမှာပေါ့ မောင့်နှလုံးသားကို ရှာတွေ့ခဲ့တာ"
"ဟုတ်လား အရင်ကရော မောင့်နှလုံးသားက
ဘယ်ရောက်နေလို့လဲ"
"မျက်စိလည် လမ်းမှားနေလို့ဗျ"
မောင့်စကားကြောင့် နှောင်းရယ်လိုက်သည်။
"မ, ကို ကျေးဇူးအများကြီးတင်တယ်...
မောင့်ကိုချစ်သူအဖြစ်လက်ခံပေးလို့"
"ဟိုးးဆရာ... ချစ်သူအဖြစ်လက်ခံတာမဟုတ်ဘူး
ဒီအတိုင်းတွဲကြည့်ကြမယ်လို့ပြောတာလေ"
"ဆိုတော့ မ,က မောင့်ကို ပလေးတာပေါ့လေ"
"အဲ့လိုဖြစ်သွားရင်တော့ မတတ်နိုင်ဘူး"
ပုခုံးတွန့်ကာပြောပြနေတဲ့ မ,ပုံစံက မနက်ခင်းနေရောင်ခြည်အောက်မှာ လန်းဆန်းနေသည်။
ချစ်ဖို့ကောင်းတဲ့ မ,ပုံစံကြောင့်
"စောစောစီးစီး ဒီလိုချစ်ဖို့ကောင်းနေတော့ မောင်တော့ ဖက်နမ်းချင်စိတ်ပေါက်လာပြီ"
"မောင်နော်"
ဟော... အဲ့ဒါသာကြည့်တော့။ ကျွန်တော်ချစ်ရတဲ့
ထိုမိန်းကလေးက တကယ်ကို အရှက်အကြောက်ကြီးပါသည်။ ဖက်နမ်းချင်တယ်ပြောလိုက်တာနဲ့ မျက်နှာလေးက ခရမ်းချဉ်သီးလေးလို ရဲရဲနီသွားသည်။
"မှာထားတာတွေ ရပါပြီ"
ဝန်ထမ်းကောင်လေးအပြောကို နှောင်းက ခေါင်းညိတ်ပြလိုက်သည်။ ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့် ပီဇာတို့ကို ပန်းကန်ပြားလေးထဲ ထည့်ကာ ဓားနဲ့ခရင်းပါချပေးတာမို့ စားပွဲပေါ်မှာထားတာတွေအကုန်ချပြီးသည်အထိ နှောင်းစောင့်နေလိုက်သည်။ ဗိုက်က တော်တော်ဆာနေပြီဖြစ်သည်။
💕 Holding Hands💕
Start from the beginning
