💕 Holding Hands💕

Start from the beginning
                                        

"Espresso တစ်ခွက်ပေးပါ... မ,ရော
ဘာသောက်မလဲ"

"နွားနို့ရလားဟင်"

"ရှင်... ဟို နွားနို့တော့မရဘူးရှင့်
Milkshake တော့ ရပါတယ်"

"မ က နွားနို့သောက်ချင်လို့လား"

"အဲ့လိုတော့မဟုတ်ပါဘူး တစ်ခါတစ်လေ အခန့်မသင့်ရင် ကော်ဖီသောက်ပြီး ရင်တုန်တတ်လို့‌လေ…
Milkshake ကျတော့ မကြိုက်လို့... Juice ပဲ သောက်တော့မယ်"

"အာ့ဆို မ, Latte သောက်ကြည့်ပါလား... သူက
ကဖိန်းနည်းတယ် နို့လည်းပါတော့ မ, သောက်နိုင်မယ်ထင်တယ်"

"နှောင်း Latte သောက်ဖူးတယ်... နေ့လည်ဘက်သောက်ရင်တောင် ရင်တုန်တတ်လို့ ဒီလိုမနက်ပိုင်းသောက်ရင် အဆင်ပြေပါ့မလား"

"အာ့ဆို Vanilla Latte သောက်ကြည့်လေ...
ညီမလေး Vanilla Latte ရတယ်မလား"

"ဟုတ်ကဲ့ ရပါတယ်"

"အာ့ဆို Espresso ရယ် Vanilla Latte ရယ် ဒီမုန့်တွေရယ် ယူမယ်နော်"

"ဟုတ်ကဲ့ Espresso က Single လား Double လားရှင့်"

"Single ပဲပေးပါ"

"ဟုတ်ကဲ့ အားလုံးပေါင်း 14200 ကျပါတယ်ရှင်"

မောင်က ပိုက်ဆံအိတ်ထုတ်နေတာမို့ နှောင်းက အသည်းအသန်တားကာ

"နှောင်းရှင်းလိုက်မယ် မောင်"

"ဘာလို့လဲ မ,ရဲ့ မောင်ရှင်းလိုက်ပါ့မယ်"

"ဟင့်အင်း နှောင်းပဲရှင်းမယ်... နှောင်းတို့အတူစားတိုင်း မောင်ပဲ ရှင်းနေလို့ဘယ်ဖြစ်မလဲ... ညီမလေး ရော့ ဒီမှာ 15000 "

ဝန်ထမ်းကလေးမကို ကျသင့်ငွေပေးလိုက်ပြီးနောက် Receipt ဖြတ်ပေးတာကိုစောင့်နေရင်း

"ချစ်သူသမီးရည်းစားတွေမှာ ယောကျာ်းလေးဘက်ကပဲရှင်းရမယ်ဆိုတာကို နှောင်းလက်မခံပါဘူးနော်...
နောက်ဆို တစ်ယောက်တစ်လှည့်ရှင်းမယ် အိုခေ"

"မ သဘော"

ပါးလေးကို လှမ်းဆွဲကာပြောလိုက်တဲ့မောင့်ကြောင့် နှောင်းရှက်သွားသည်။ ဝန်ထမ်းကောင်မလေးတွေရော အနောက်မှာတန်းစီစောင့်နေတဲ့ဧည့်သည်တွေရောက နှောင်းတို့ကိုကြည့်ပြီး ပြုံးစိစိဖြစ်ကုန်တာကြောင့်ပင်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now