"ကဲပါ... မအဆင်ပြေသလိုနေရတယ်...
ခု မောင်ကားကို လက်နှစ်ဖက်နဲ့သေချာမောင်းမယ်
ဟုတ်ပြီလား... ခုနက မောင်ပြောတာတွေလည်း
မေ့လိုက်တော့နော်... ပြုံးနေပါ မရဲ့... မမျက်နှာ
ညှိုးနေတော့ မောင်က ဘယ်နေတတ်ပါ့မလဲ နော်လို့"

နှောင်းမျက်ဝန်းတွေကို ချစ်ရည်ရွန်းလဲ့နေတဲ့မျက်ဝန်းများနဲ့ နှောင်းမျက်နှာမကောင်းတာကို စိတ်ပူသလိုကြည့်နေတဲ့မောင့်ကြောင့် နှောင်းသက်ပြင်းလေးချလိုက်ပြီး

"အွန်း ဒီနေ့တစ်နေ့ မောင်ပြောသလို တစ်ခြားစုံတွဲတွေလို လက်ချင်းချိတ်ပြီးသွားကြမယ်... တကယ်လို့အဆင်မပြေရင် နောက်တစ်နည်းစဉ်းစားတာပေါ့နော်"

"အိုခေ"

မီးပွိုင့်စိမ်းသွားတာကြောင့် ကားကိုဂရုစိုက်မောင်းနေတဲ့ မောင့်ကို နှောင်းငေးကြည့်မိသည်။

မျက်နှာက အပြစ်ပြောစရာမရှိ မင်းသားတောင်
လုပ်လို့ရတဲ့ရုပ်ရည်နဲ့မို့ မိန်းကလေးပရိတ်သတ်တွေက
သည်းသည်းလှုပ်နေကြတာဖြစ်သည်။ အဆိုတော် မင်းသားမဟုတ်တာတောင် စေညွှန်ရာဆိုတဲ့ဒီ‌လူသားမှာတော့ Fan Group နဲ့ Fan Page တွေက အမြောက်အများပင်။

သွေးကြောတွေယှက်နေတဲ့လက်ဖျံ‌က ဆွဲဆောင်မှုရှိနေတဲ့အလျှောက် နှောင်းမွေးနေ့လက်ဆောင်ပေးထားတဲ့ နာရီကို လက်မှာပတ်ထားတာမို့ နှောင်းသဘောကျမိသည်။ ဒီနေ့မှ နက်ပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားတာကြောင့် သူ့ရဲ့ဖြူသောအသားအရေက ပိုပြီးထင်းထွက်နေသည်။ ဒီလိုပြည့်စုံတဲ့သူမျိုးကို ရည်းစားတော်ထားရတယ်ဆိုတာ ယုံတောင်မယုံနိုင်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိသွားတာကြောင့်

"ဘာတွေသဘောကျနေတာလဲ"

"ဟမ်... ဒီလိုပါပဲ ကော်ဖီဆိုင်မှာ ဘာမုန့်အသစ်တွေများထွက်နေမလဲဆိုတာတွေးမိသွားလို့"

"မ ကတော့ ဖြစ်ရမယ်"

ဒီလိုနဲ့ပဲ မောင်မောင်းတဲ့ကားလေးက ကော်ဖီဆိုင်နားမှာပဲ ပါကင်ထိုးလိုက်သည်။ မြို့ထဲလမ်းမဆိုတော့ ပါကင်
ရှာရခက်တာကြောင့် အဆင်ပြေတဲ့နေရာမှာ ပါကင်
အရင်ထိုးကာ ကော်ဖီဆိုင်ကိုလမ်းလျှောက်သွားကြမှာဖြစ်သည်။

မောင်က ကားရပ်ပြီးတာနဲ့ ကားပေါ်ကဆင်းကာ
နှောင်းရှိတဲ့ဘက်ခြမ်းက ကားတံခါးကိုဖွင့်ပေးသည်။ နှောင်းဆင်းလိုက်ပြီးနောက် မောင်က ကားတံခါးကိုပြန်ပိတ်ကာ နှောင်းဘက်ကို လက်‌ဆန့်ပေးသည်။ လက်တွဲဖို့ကမ်းပေးတဲ့လက်မှန်း နှောင်းလည်းရိပ်မိတာမို့ မောင့်လက်ဖဝါးထဲ နှောင်းလက်ဖဝါးကို ထည့်ပေးလိုက်သည်။ မောင်‌ကတော့ ကျေနပ်စွာပြုံးလိုက်ပြီး နှောင်းလက်ကို တင်းကြပ်စွာဆုပ်ကိုင်ကာ ကော်ဖီဆိုင်ရှိရာသို့
နှစ်ယောက်အတူတူ လက်တွဲလျှောက်လာခဲ့ကြသည်။

💕💕💕💕💕💕💕💕💕💕

အပိုင်း ၁၁ မျှော်
#haru_rin

See U next Sunday

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now