"မောင် ဒီလိုလက်တစ်ဖက်ထဲနဲ့ကားမောင်းနေမယ်ဆိုရင် နောက်ခါ နှောင်း မောင့်ကားကိုလိုက်မစီးတော့ဘူး သိလား"
"ဘာလို့လဲ မရဲ့... မောင်က ကားမောင်းကျွမ်းကျင်ပါတယ်... အေးဆေးပါ"
"ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူးလေ... ဘာပဲပြောပြော စောနကစကားက အတည်ပြောနေတာနော်... နောက် ဘယ်တော့မှ မောင့်ကားကို မစီးဘူးသိလား"
အတည်ပေါက်ကြီးပြောနေတဲ့ မ ကြောင့်
"ဟာ... မကလည်း... အဲ့လိုတော့မရပါဘူး... ဘတ်စ်ကားစီးဖို့လည်း မစဉ်းစားနဲ့ လူတွေကြပ်သိပ်နေတာ... Taxi ကျတော့လည်း ကားဆရာနဲ့နှစ်ယောက်တည်း စိတ်မချဘူး... ကျွန်တော်ပဲ မသွားလိုတဲ့နေရာကို အမြဲလိုက်ပို့ပေးမှာ"
"အာ့ဆိုလည်း ကားကိုလက်နှစ်ဖက်နဲ့ သေချာမောင်းလို့"
မနဲ့ချစ်သူတွေမဖြစ်ခင်ကတည်း မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် စွဲလမ်းစွာချစ်မိနေပါတယ်ဆိုမှ မကိုမထိမတွေ့ရပဲ လုံးဝမနေနိုင်။ တွေးနေရင်း ဖျတ်ခနဲပေါ်လာတဲ့အတွေးကြောင့် စိတ်ချမ်းသာသွားကာ မီးပွိုင့်မိနေတာမို့ မဘက်ကို လှည့်ကြည့်ပြီး မမျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်ကာ
"အိုခေ မောင် သဘောတူပေးမယ်... ဒါပေမယ့် ကားမောင်းတဲ့အချိန်ကလွဲလို့ မလက်ကို မောင်ကိုင်ထားမယ်"
"ဟင်... ဘာကို"
"ဒီလိုလေ... လူမြင်ကွင်းမှာ နှစ်ယောက်အတူတူလမ်းလျှောက်ရင် လက်ကိုတွဲပြီးလျှောက်ကြမယ်လို့ပြောတာ"
"လူတွေအများကြီးရှိရင်ရောလား"
"အင်း... မနဲ့မောင်က Silent တွဲနေတယ်ဆိုပေမယ့် လူတိုင်း မောင့်ကိုမသိပါဘူး... မောင်တို့အသိုင်းအဝိုင်းနဲ့ မောင့်အကြောင်းသိချင်တဲ့သူလောက်ပဲ မောင့်ကိုသိတာ... အာ့ကြောင့် သာမာန်ချစ်သူစုံတွဲတွေလို လူမြင်ကွင်းမှာ လက်တွဲပြီးသွားလည်း ဘယ်သူမှ
မောင်တို့ကို ဂရုစိုက်မှာမဟုတ်ဘူး... မောင်ပြောတာသဘောတူလား"
"အင်းးးး အဲ့လိုကျတော့ အဆင်ပြေပါ့မလား"
စိတ်ပူပန်စွာ မျက်နှာလေးညှိုးသွားတာကြောင့်
စေ မနေနိုင်တော့ပဲ
💕Hobby💕
Bắt đầu từ đầu
