ကားထဲဝင်လာဝောာ့ မ ကို
"မောနင်း မ"
"မောနင်း မောင်"
"ဟားးးး ဖုန်းထဲကထက် အပြင်မှာနားထောင်ရတာ ပိုပြီး သဘောကျတယ်... ရင်ထဲကို နွေးသွားတာပဲ"
"စောစောစီးစီးနော်"
နှောင်း မောင့်ကို ချစ်စဖွယ်မျက်စောင်းလေးထိုးကာ ပြောလိုက်သည်။ ဟိုနေ့က မောင်လို့ခေါ်ပြီး မနေ့ကထိ ဖုန်းထဲမှာသာ ခေါ်ခဲ့တာမို့ ဒီနေ့ မောင်လို့ခေါ်တာတော့ အပြင်မှာ ဒုတိယအကြိမ်ဖြစ်သည်။
မောင် က တစ်ခါတစ်လေ အရမ်းပေါက်ကရပြောကာ
မထင်ရလောက်အောင် စကားတွေနဲ့ခြွေတတ်တာမို့ နှောင်းမှာ အံ့အားသင့်ရုံမှမပ ဘာမှမပြောနိုင်။
မျက်စောင်းသာထိုးနိုင်သည်။
" မ ဘာစားချင်လဲ"
"မောင် ဒီနေ့ပြခန်းဘယ်အချိန်သွားမလဲဆိုတာအရင်ပြော... မောင့် Schedule ပေါ်မူတည်ပြီး နှောင်း ဘာစားချင်လဲရွေးမယ်"
"နေ့လည်ထိ မ နားမှာပဲရှိနေမှာ... ပြခန်းမှာတော့ ဒီနေ့နောက်ဆုံးနေ့ဆိုတော့ ပိတ်တဲ့ထိနေရမှာ"
မောင့်စကားကို ခေါင်းတညိတ်ညိတ်နားထောင်ပြီးနောက်
"အာ့ဆို ပေါ့ပေါ့ပါးပါး ကော်ဖီလောက်ပဲသောက်မယ်လေ... ဈေးဝယ်ထွက်ပြီး နေ့လည်စာစားပြီးမှ မောင် ပြခန်းတစ်ခါတည်းသွားလိုက်လေ အိုခေလား"
" မ သဘော... မ စိတ်တိုင်းကျပဲ... အကုန်အဆင်ပြေတယ်... ဒါပေမယ့် မက မနက်စာကို အဝပဲစားတတ်တာဆို... ကော်ဖီမုန့်လောက်ပဲ မစားတတ်ဘူးဆို"
"အင်း ဟုတ်တယ်လေ... ဒါပေမယ့် နေ့လည်စာစားချိန်နဲ့ နီးရင်တော့ ရပါတယ်... နေ့လည်မှ အဝပြန်စားတာပေါ့"
အစားအသောက်နဲ့ပတ်သက်ရင် တစ်ချက်မှ အမှားမခံတဲ့ မကြောင့် စေရယ်လိုက်ကာ
"အိုခေ အာ့ဆို ကျွန်တော်တို့စတွေ့တဲ့ ကော်ဖီဆိုင်ပဲသွားမလား... ပြီးရင် JC မှာ ဈေးဝယ်မယ်လေ"
"အင်း အဲ့ဒါကောင်းတယ်... ပြီးရင် နေ့လည်စာလည်း အဲ့မှာပဲ တစ်ခါတည်းစားလိုက်မယ်"
"အိုခေ ကဲ အာ့ဆို စထွက်ပါပြီဗျာ"
"Let's go "
ထုံးစံအတိုင်း နှောင်းရဲ့လက်ကလေးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကားကိုလက်တစ်ဖက်ထဲနဲ့ မောင်းနေတာကြောင့်
💕Hobby💕
Start from the beginning
