မောင်နဲ့ဖုန်းပြောပြီးတာနဲ့ တံခါးဖွင့်ကာ နှောင်းရဲ့နေ့လည်စာကို လှမ်းယူလိုက်ပြီး ကျသင့်ငွေရှင်းလိုက်သည်။ ကြေးအိုးမှာထားတာမို့ ဇလုံခပ်ကြီးကြီးထဲ လှယ်ထည့်လိုက်ပြီး ရုပ်ရှင်ကြည့်ရင်း အားရပါးရစားလိုက်တော့သည်။ ဒီနေ့တစ်နေ့လုံး ရုပ်ရှင်ကြည့်လိုက် သီချင်းနားထောင်လိုက်နဲ့ တစ်နေ့လုံး အေးအေးဆေးဆေးဖြတ်သန်းရုံသာ။
💕💕💕💕💕💕💕💕💕💕
အဝတ်စားလဲခန်းထဲဝင်ကာ အဝတ်ဘီဒိုမှာ အစီအရီ ချိတ်ထားတဲ့ အင်္ကျီတွေကို ကြည့်ကာ စေ ဘာဝတ်ရင်ကောင်းမလဲ စဉ်းစားရခက်နေသည်။ ဒီနေ့က ပြပွဲနောက်ဆုံးနေ့ဖြစ်တာကတကြောင်း၊ မနက်ပိုင်း မ နဲ့အတူ မနက်စာအတူစားရင်း ဈေးဝယ်ထွက်ဖို့ချိန်းထားတာကြောင့် အခုလို စဉ်းစားရခက်နေတာပင်။
နောက်ဆုံး ရှပ်အင်္ကျီနက်ပြာရောင်စွေးစွေးကို စတိုင်လ်ဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်လိုက်သည်။ အင်္ကျီကို တံတောင်ဆစ်နားထိလက်ခေါက်ဝတ်ကာ မ လက်ဆောင်ပေးထားတဲ့ နာရီကို လက်မှာဝတ်ဆင်ပြီးနောက် စေ့ပြင်ဆင်မှုက ပြီးဆုံးသွားပြီဖြစ်သည်။
ရှေ့ကိုခပ်အုပ်အုပ်ကျနေတဲ့ဆံပင်တွေကို သေချာဖြီးလိမ်းပြီးနောက် Chanel ရဲ့ Bleu de ရေမွှေးကို နားနောက်နားနဲ့ လက်ကောက်ဝတ်သွေးကြောပေါ်မှာ ဆွတ်လိုက်သည်။ အိုခေ မ,ကိုသွားကြိုဖို့ Ready ပဲ။ Shoe Closet ထဲက ရှုးဖိနပ်ကိုထုတ်ကာ စီးပြီး ကားမောင်းကာ အချစ်ရှိရာအရပ်ကို မြူးတူးတက်ကြွစွာ ချီတက်လာခဲ့သည်။
မ တိုက်ခန်းရဲ့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ကာ
စောင့်နေတုန်း ရောက်ရောက်ခြင်းစာပို့ထားတာကြောင့် သိပ်မစောင့်လိုက်ရပဲ မ က ထွက်လာသည်။ ပြောထားရင်တောင်လွဲဦးမယ် ဒီနေ့ မ က အပွင့်လေးတွေပါတဲ့ နက်ပြာရောင်ဒူးဖုံးစကတ်လေးကို အပေါ်က Crop Top အမည်းလေးနဲ့တွဲဝတ်ထားသည်။ Crop Top က ခန္ဓာကိုယ်နဲ့ Fix ဖြစ်နေတာကြောင့် မိန်းကလေးဆန်တဲ့အလှတရားတွေက အရင်နေ့တွေကထက် ပိုပေါ်လွင်နေသလိုပင်။ စလွယ်သိုင်းအိတ်သေးလေး လွယ်ထားကာ ကြိုးတွေနဲ့ရှုပ်ယှက်ခတ်နေသည့် ဖိနပ်အပါးလေးကို စီးထားတာကြောင့် ဒီနေ့ မ ပုံစံက ပေါ့ပေါ့ပါးပါးပင်။
KAMU SEDANG MEMBACA
💕 Feeling of Love 💕 (Unicode Ver)
Romansa💕 အချစ်ဆိုတဲ့ခံစားချက် 💕 (Unicode Ver)
💕Hobby💕
Mulai dari awal
