ရေချိုးပြီးတာနဲ့ အခန်းထဲမှာပဲ Laptop ဖွင့်ကာ သီချင်းဖွင့်ပြီးနောက် အိမ်သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်ပြီး မနက်ဖြန်အတွက် ဝယ်ရမယ့်ပစ္စည်းတွေကို စာရင်းရေးနေလိုက်သည်။ ဂွီခနဲမြည်လာတဲ့ဗိုက်ကြောင့် နေ့လည်စာမစားရသေးတာကို သတိရသွားသည်။
မနက်က ဦးတို့နဲ့ ထမင်းကြော်အဝစားထားတာမို့ ဗိုက်တင်းနေတဲ့အပြင် ရင်ပါပြည့်နေတော့ နေ့လည်စာမစားရသေးတာကိုမေ့နေတာပဲ။ ထမင်းကလည်း မချက်ရသေးတော့ တကူးတကမချက်ချင်တော့တာကြောင့် Deli နဲ့ပဲ မှာစားဖို့ စိတ်ကူးရကာ အချိန်မဆွဲပဲ ချက်ချင်းမှာထားလိုက်တော့သည်။
နေ့လည်တုန်းက မောင်ဖုန်းခေါ်ထားတာကို မကိုင်လိုက်မိတော့ အခုပြန်ခေါ်ဖို့သတိရကာ ဖုန်းခေါ်လိုက်တော့ မောင့်ဘက်က ချက်ချင်းကိုင်သည်။ မောင်က နှောင်းကို စိုးရိမ်နေသောအသံဖြင့်
"မ ကလည်း နေ့လည်က ဘာလို့ဖုန်းမကိုင်တာလဲ"
"ဪ... ဟို...ဟိုဟာ ဖုန်းကို Silent လုပ်ထားမိလို့ပါ"
ချစ်သူတွေဆိုပေမယ့် နှောင်းရဲ့ဝါသနာတစ်ချို့ကို
လက်ရှိအချိန်တိုတွင်းမှာ မောင့်ကိုမသိစေချင်သေးတာကြောင့် နှောင်းမုသားတစ်ဝက်ဖြင့်သာ ပြန်ဖြေလိုက်သည်။
"ဪ မောင်က စိတ်ပူသွားတာပဲ... နေ့လည်စာရော ဘာစားပြီးပြီလဲ မ"
"ခုပဲမှာထားတယ် မစားရသေးဘူး"
"ဘယ်လို... အချိန်လည်းကြည့်ဦး မ ရယ်...
ဒါနေ့လည်စာ စားရမယ့်အချိန်လား... အစာတွေ
လွန်ကုန်တော့မှာပဲ"
"မနက်က ထမင်းကြော်စားတာများသွားလို့ပါ မောင်ရဲ့... ပြီးတော့ အိမ်လည်းရှင်းနေတော့ စိတ်ပါပြီး စားဖို့မေ့သွားတာ ဟီးး"
"မ ကတော့ ဖြစ်ရမယ် ဟွန့် ဟွန့်"
"မောင်ရော ဘာစားပြီးပြီလဲ"
"ထမင်းပေါင်းစားထားတယ်"
"အွန့် ဟော Deli ရောက်လာပြီထင်တယ်... ဒါပဲနော်မောင်"
"အိုခေ မနက်ဖြန် မနက်လာကြိုမယ်နော်"
"ဟုတ်"
💕Hobby💕
Beginne am Anfang
