You ain't never gotta worry, I'm down for you baby 🎶
David Guetta ရဲ့ Hey Mama သီချင်းသံနဲ့အတူ အကခန်းမထက်မှာ မှန်မှာ ပေါ်နေတဲ့ ပုံရိပ်။
စည်းချက်ညီညီ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်အချိုးအစား။ လှုပ်ရှားမှုတိုင်းမှာ တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ ဖြူဖွေးနေတဲ့ဗိုက်သားလေး။ နှောင်းရဲ့နှဖူးနဲ့ တကိုယ်လုံး ချွေးတွေရွှဲနေပေမယ့် ဆက်ကနေတုန်းပင်။ ကခုန်ခြင်းဟာ နှောင်း ဝါသနာပါတဲ့အရာတစ်ခုပင်။ ဒါက
ရင်းနှီးတဲ့သူတွေသာ သိတဲ့ နှောင်းရဲ့ တစ်ဖက်ခြမ်းပင်။ နှောင်းရဲ့စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ကခုန်ခြင်းဖြစ်သည်။
သီချင်းသံပြီးဆုံးသွားတဲ့အချိန်မှာ နှောင်းတို့အားလုံး ချွေးတွေနဲ့ မောဟိုက်နေကြပြီဖြစ်သည်။ ဦးက ရေဗူးလှမ်းပေးတာကြောင့် ယူလာကာ ဖြည်းဖြည်းချင်းမော့သောက်လိုက်သည်။
"ပြီးခဲ့တဲ့အပတ်တွေတုန်းက အစ်မ မလာလို့ ကျွန်တော်တို့ သတိရနေတာ"
"ဟုတ်တယ် အစ်မလည်း အလုပ်တွေရှုပ်နေလို့... ဒီနေ့တော့ တစ်ရက်သက်သက်အချိန်ပေးပြီး မိုးသောက်နဲ့လိုက်လာခဲ့လိုက်တာ"
"ကောင်းတာပေါ့ အစ်မရဲ့... ညီမတို့နဲ့ နေ့လည်စာအတူသွားစားကြရအောင်လေ လိုက်ခဲ့ပါလား"
"မလိုက်တော့ပါဘူး... ဦးလည်း ဆိုင်ပြန်ဝင်ရမှာဆိုတော့ ပြန်တော့မှာလေ... အစ်မလည်း နားလို့ရတုန်း နားချင်သေးလို့... ကလေးတွေပဲသွားကြပါ"
"ဟုတ်ကဲ့ပါ"
မိုးသောက်နဲ့ရွယ်တူ လူငယ်တွေမို့ ဒီအဖွဲ့ထဲမှာ ဦးနဲ့နှောင်းက အသက်အကြီးဆုံးပင်။ ကလေးတွေကို နှုတ်ဆက်ပြီး နှောင်းနဲ့ဦးက အိမ်ကိုပဲပြန်လာခဲ့ကြသည်။ မပြန်ခင် မိုးသောက်ကို အိမ်စောစောပြန်ဖို့မှာရသေးတယ်။ ဒီကလေးက မမှာရင် မမှာသလို နောက်ကျတတ်တယ်မလား။ နှစ်ယောက်သား Taxi စီးပြီးပဲ အိမ်ပြန်လာခဲ့ကြတယ်။ ဦးကရေမိုးချိုးပြီး ဆိုင်သွားမှာဆိုပေမယ့် နှောင်းကတော့ အိမ်မှာပဲ အေးဆေးအနားယူမှာဖြစ်သည်။ လင်းတစ်ယောက်လည်း အခုတလော ဘာတွေအလုပ်ရှုပ်နေမှန်းမသိ။ ပိတ်ရက်မှာ သိပ်မဆုံဖြစ်။
💕Hobby💕
Start from the beginning
