အဟမ်း အဟမ်း

စေ "မ"နဲ့ဖုန်းပြောနေတာကို ဘေးကနေ တမင်တကာ လုပ်ချောင်းဆိုးပြနေတဲ့ ကောင်းပြည့်ကို လက်သီးထောင်ပြလိုက်သည်။ သာသနာဖျက်ကောင်။

"အဟွန်း... ဟုတ်ပါပြီ အလုပ်ကိုပဲ အာရုံစိုက်... နှောင်းလည်း လမ်းထိပ်မှာ မုန့်ဟင်းခါးသွားစားလိုက်ဦးမယ်"

"အိုခေ... မနက်ဖြန်မှတွေ့မယ်နော်"

"အင်း"

"ညကျရင်လည်း ဖုန်းဆက်မယ်နော်"

"အင်း"

"ချစ်တယ်နော်"

"အင်း... ဟင်"

"ချစ်တယ် မွ"

ဖုန်းထဲကနေ အနမ်းလှမ်းပေးပြီး လူလည်ကျသွားတဲ့ မောင့်ကြောင့် စောစောစီးစီးနှောင်းပြုံးမိသွားသည်။ ဪ... ရည်းစားထားရတဲ့ရသမှာ ဒီလိုကြည်နူးခြင်းတွေလည်း ရှိတာပါပဲလား။ 

တွေးလက်စအတွေးကို ဖြတ်ကာ ၉နာရီခွဲ ချိန်းထားတာမို့ ရေချိုးဖို့ပြင်လိုက်သည်။ ရေချိုးပြီးတော့ Sport Bra အမည်းရောင်လေးကို ဝတ်လိုက်ပြီး အပေါ်က တီရှပ်ခါးတိုလေးကို ထပ်ဝတ်လိုက်သည်။ ဘောင်းဘီဘေးစင်း အပွလေးကို ဝတ်လိုက်တော့ ဒီနေ့အတွက် ဖက်ရှင်က အဆင်ပြေသွားပြီဖြစ်သည်။

မျက်နှာကိုတော့ Skin Care Step တွေ အဆင့်ဆင့် သုံးပြီးနောက် SunCream လေးပဲ လိမ်းလိုက်ကာ မနေ့ကတည်းက အဆင်သင့်ပြင်ထားတဲ့ ကျောပိုးအိတ်လေးကို လွယ်ပြီး ဦးထုတ်ဆောင်းကာပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်သည်။ Sneakers အဖြူလေး စီးနေတုန်းမှာပဲ အခန်းတံခါးခေါက်နေတာကြောင့် လာပြီဟုအသံပေးကာ အခန်းထဲထွက်လိုက်သည်။ 

အခန်းရှေ့မှာ စောင့်နေတဲ့ဦးနဲ့အတူ မိုးသောက်ဆီ ချီတက်လာကြသည်။ နောက်မှပဲ မနက်စာအတူတူစားကြမှာမို့ နှစ်ယောက်လုံးခုထိဘာမှမစားရသေးပေ။

💕💕💕💕💕💕💕💕💕💕

🎶Be my woman, girl, I'mma

Be your man

Be my woman, girl, I'll

Be your man

Yes I be your woman

Yes I be your baby

Yes I be whatever that you tell me when you ready

Yes I be your girl, forever your lady

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now