"ဘာကို ပိုက်ဆံပေးရမှာလဲ။" အမေကျိုးပင် စကားစမပြောခင် ဒုတိယမရီးက ကြားဖြတ်ပြောသည်။ "ငါတို့အားလုံးက တစ်မိသားစုတည်းပဲလေ၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကူညီပေးရမှာပေါ့၊ ဘာဖြစ်လို့ အပြင်လူတွေလိုမျိုး ပိုက်ဆံအကြောင်း မပြောသင့်ဘူးလေ။"

"အမေ၊ ဒီဆေးကို စတုတ္ထခယ်မ ရဖို့ သိပ်မလွယ်လောက်ဘူး။ မနက်ဖြန်ကျရင် ကျွန်မ ဆေး နောက်ထပ် ထပ်ယူရဦးမယ်။ သူမကို ကျသင့်ငွေတော့ ပြန်ပေးသင့်တယ်။ အဆုံး၌ သူတို့တွေက အိမ်ထောင်စု ခွဲပြီးသားတွေပဲလေ။ ဒါ့အပြင်၊ ဒီတစ်ကြိမ် ဝူနီအတွက် ဒီဆေးကို စတုတ္ထခယ်မက ရက်ရက်ရောရော ထုတ်ပေးခဲ့လို့ ကျွန်မ အရမ်း ကျေးဇူးတင်တာပဲ။" တတိယမရီးက ပြောသည်။

ဒုတိယမရီးသည် နှုတ်ခမ်းစူပြီး အမေကျိုးကို ကြည့်လိုက်သည်။ အမေကျိုးသည် သူမလက်ကို ဝှေ့ယမ်းရင်း စကားဆိုလိုက်သည်။ "သူမကို ဘယ်လောက်ကျသင့်လဲ မေးပြီး အဲ့ဒီဆေး ကျသင့်ငွေကို သူမကို ပြန်ပေးလိုက်။"

"အားလုံး ဒီနေ့ ပင်ပန်းနေကြတာဖြစ်လို့ မြန်မြန်ပြန်ပြီး အနားယူကြ။ ငါတို့ မနက်ဖြန်ကျ စောစောထရဦးမှာ။" အဖေကျိုးက ဝင်ပြောသည်။

ဒါ့ကြောင့် သူတို့အားလုံး အခန်းကိုယ်စီ ပြန်သွားခဲ့ကြကာ အိပ်ရာဝင်သွားခဲ့ကြသည်။

တစ်ဖက်တွင်မူ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ရှင်းပြနေခဲ့သည်။ "ကံကောင်းထောက်မပြီး ကျွန်မ မှောင်ခိုစျေးကွက်ကို လှည့်ပတ်ကြည့်ခဲ့မိလို့ပဲ။ အဲ့ဒီလူက ဒါကို လျှို့ဝှက်ထုတ်ကုန်တစ်ခုလို့ပြောပြီး ကျွန်မကို တိုးတိုးတိတ်တိတ်‌ ရောင်းချပေးခဲ့တာ။ ကျွန်မလည်း အဲ့ဆေးက အနံ့လေးလည်း မဆိုးဘူး၊ ကြည့်ရတာ တော်တော်ကောင်းမယ့်ပုံပေါ်တယ်။ ဒါနဲ့ ကျွန်မလည်း ရှင့်ကို စိတ်ထဲမှာ တွေးလိုက်မိတာနဲ့ ဝယ်လာခဲ့လိုက်တာ၊ တကယ် အသုံးဝင်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။"

ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး သဘာဝကျစွာပင် သူက ဒီကိစ္စကို စစ်စစ်ပေါက်ပေါက် မမေးမြန်းခဲ့ဘူး။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now