Chapter - 54 (U+Z)

Start from the beginning
                                    

သူက သူ့အရွက်များကို ​နောက်ပြန်ဆုတ်လိုက်ပြီး ပန်းပွင့်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသွင်ယူကာ ရှန်းမိုယွီရဲ့ ထိပ်​ပေါ်တွင် လှပ၍ ပြည့်စုံ​ပြောက်​မြောက်​သော စက်ဝိုင်းတစ်ခုကို ထပ်မံဖွဲ့စည်းခဲ့သည်။ အမြစ်က နွယ်ပင်တွင် တွယ်ကပ်နေပြီး သင်းပျံ့​သောမွှေးရနံ့များ ထုတ်လွှတ်လာချိန်တွင် နွယ်ပင်၏ အရွက်များက ​​ဖျော့​တော့စိမ်းမြ​သော မီး​ရောင် ထုတ်လွှတ်ကာ အမြစ်ကို ခုတ်ထစ်ရန် သူ့ရဲ့ ချွန်ထက်သော ထိပ်ဖျားများကို အသုံးပြုသည်။ သို့သော်လည်း အမြစ်သည် မလှုပ်မယှက်ပင် နွယ်ပင်များကို တရင်းတနှီး တွယ်ကပ်နေဆဲဖြစ်သည်။

စုလင်း သူ့လက်ထဲက သစ်ရွက်တွေကို ကြည့်လိုက်ရင်း သူ့လက်ကောက်ဝတ်တစ်ဝိုက်က အမြစ်ကို ညင်သာစွာ ညှစ်ပြီး ​မေးလိုက်သည်။

"ဒါ မင်းသူငယ်ချင်းလား"

နံဘေးတွင် ​​ထောင်​နေသော အမြစ်များသည် အ​ပေါ်​အောက် ရွေ့လျားကာ ​ပျော်​ပျော်ကြီး တွန့်လိမ်​နေ​ပြန်သည်; ရှန်းမိုယွီ တကယ်ကို သိသာစွာ ​ပျော်ရွှင်​နေခဲ့တာဖြစ်သည်။ စုလင်း ခဏလောက်စဉ်းစားပြီး သူ့ကျောပိုးအိတ်ထဲကို သစ်ရွက်ထည့်လိုက်သည်။  ထို့နောက် သူက နွယ်ပင်များကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။

“ဒါက S အဆင့် စိတ်ဝိညာဥ်ပင်ပဲလား”

အမြစ်များက ဆက်လက် ​ခေါင်းညိတ်ပြပြီး စုလင်းကို ပါးစပ်​ပေါ်တွင် ကြက်​ခြေခတ်ထား​သော စိတ်ဖြင့်ဖန်တီးထား​သော ပုံရိပ်ကို ထပ်မံပြသခဲ့သည်။

"မင်း ဒီကိစ္စကို တခြားလူတွေ မသိစေချင်ဘူးလား"

စုလင်း ကမေးလိုက်သည်။

အမြစ်များက ထပ်ခေါင်းညိတ်ပြသည်။ စုလင်း ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း

"ဒီက နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိနေတာ ခက်တာပဲ”

ခုနက စိတ်ဖြင့်ဖန်တီးထား​သော ပုံရိပ်သည် သူ့စိတ်ထဲတွင် ကျန်ရစ်နေဆဲဖြစ်သည်။

စုလင်း ပြုံးပြီး

"ကောင်းပါပြီ၊ တခြားလူတွေ မှန်းဆနိုင်ရင်တောင် ငါက​တော့ ဘာမှ မပြောပါဘူး"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now