⟪45⟫

142 32 0
                                    

ငါ့မိသားစုရေ ငါ့အကြံကို နားထောင် ကိုယ်က ဆက်ဆံရေးတစ်ခုရဲ့ ဟိုလိုလိုဒီလိုလို အဆင့်မှာပဲ ရှိနေသေးတယ် ဆိုရင် ရေ အတူတူ သွားမကူးနဲ့ အဲ့ဒါက အရမ်းကို နှိပ်စက်လွန်းတယ်။

ရှန်းချောင်ဝေက ငါနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှိတဲ့အခါကျ ငါ ရှက်သွေးဖြာရတယ် ဒါပေမယ့် ခန္ဓာကိုယ်ချင်း ထိတွေ့မှု မရှိပြန်တဲ့ အခါကျ ငါ ရေနစ်သွားမှာကို ကြောက်ရပြန်ရော။

ပြီးတော့ ငါ ရှာဖွေတွေ့ရှိလိုက်ရတာက ဒီလူက သူ ငါ့ကို မိနစ်အနည်းငယ်လောက် သင်ပေးပြီးရင် ရှက်သွေးဖြာပြီး အဝေးကို ရေကူးသွားလိမ့်မယ်။ သူ ပြန်မလာခင်အထိ အဲ့ဒါက အချိန်အနည်းငယ်လည်း ကြာလိမ့်မယ်။

အဲ့ဒါက စိတ်ရှုပ်စရာ ကောင်းတယ်။

အကြိမ်အနည်းငယ်လောက် ရေမွန်းပြီးတဲ့ နောက်မှာ ငါ ပင်ပန်းလာတယ်။

ငါ : “ ရှန်းချောင်ဝေ ငါ နောက်ထပ် ရေမကူးချင်တော့ဘူး ”

ရှန်းချောင်ဝေ : “ အဲ့ဒါဆို ပြန်တက်သွားလိုက်တော့ ”

ငါ ခေါင်းညိတ်ပြီး တစ်ဖက်ကို လှည့်လိုက်မယ်အပြု။ ရုတ်တရက် ငါ ခြေချော်ပြီး ရေထဲကို ပြုတ်ကျသွားတော့မယ့် အချိန်မှာပဲ ရှန်းချောင်ဝေမှာ ထက်ရှတဲ့ မျက်လုံးတွေနဲ့ သွက်လက်တဲ့ လက်ချောင်း‌တွေရှိတော့ ငါ့ကို အလျင်အမြန် ဆွဲလိုက်ပြီး မြဲမြံအောင် လုပ်ပေးလိုက်တယ်။

အံ့အားသင့်လျက် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်တယ်။ အဲ့ဒီနောက် ငါ သူ့ကို အဝေးကို တွန်းပစ်ဖို့ ကြိုးစားပေမယ့် သူ မရွေ့သွားဘူး။

ငါ သူ့ကို ဗလာအကြည့်နဲ့ ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နက်ရှိုင်းသထက် နက်ရှိုင်းလာရင်း ငါ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

လေထုအနေအထားက သိပ်မမှန်သလိုပဲ အဲ့ဒါကြောင့် ငါ စကားပြောဖို့ ကြိုးစားလိုက်တယ် : “ ရှန်း... ”

ငါ စကားပြောလို့ မပြီးသေးခင်မှာပဲ ရှန်းချောင်ဝေက ငါ့ကို သူ့နောက်မှာ ရှိတဲ့ ရေကူးကန်နံရံပေါ် ဖိကပ်လိုက်တယ်။

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now