⟪2⟫

338 28 1
                                    

ငါ ပစ္စည်းတွေကို အဆောင်မှာ ပြန်ထားပြီးတဲ့နောက် မျက်မှန်တပ် အဝတ်လဲပြီး ပြေးဖို့ရာ အားကစားကွင်းကို ထွက်လာခဲ့လိုက်တယ်။

ငါ အဆောင်ကိုပြန်ရောက်တော့ ငါ့အခန်းဖော်တွေ တစ်စုံတစ်ခုကို ဆွေးနွေးနေကြတယ်။

ငါ့အိပ်ရာ ဘေးမှာ အိပ်တဲ့ ရှောင်ကျန်းက ငါ့ကို မေးတယ် “ ယင်းယင် နင့်မှာ အစိမ်းဖျော့ရောင် အပေါ်ထပ်နဲ့ အဖြူရောင် bucket hat ရှိလား? ”

ငါ သူတို့ကို ကြည့်ရင်း တွေဝေလျက် “ ရှိတယ် ”

ငါ ဒီနေ့ ရေကူးခန်းမကိုတောင် ဝတ်သွားလိုက်သေး
တယ်လေ။

“ လာမဲ့ ရက်အနည်းငယ်အတွင်း နင် အဲ့ဒါကို မဝတ်တာ ပိုကောင်းမယ် ”

“ ဘာလို့လဲ ”

“ ကျောင်းရဲ့ Confession Wall ကို
ဝင်ကြည့်ကြည့်လိုက် ”

ငါ ဖုန်းကို ဖွင့်လိုက်တော့ ဒီဝတ္ထုရဲ့ အစမှာ ပါတဲ့ ပိုစ့်ကို တွေ့လိုက်ရတယ်။

Wall မှာ ပိုစ့်အတင်ခံထားရတဲ့ သူက ငါ မဟုတ်လား?

အချိန်၊ နေရာ၊ ပုံပန်းသွင်ပြင်၊ ဝတ်ပုံစားပုံ ပြီးတော့ လော်ကာခန်းအမှားထဲကို လျှောက်ဝင်သွားတဲ့ လှုပ်ရှားပုံကအစ... ကြည့်ရတာ တကယ့်ကို ငါ ဖြစ်နေတာပဲ။

ဒါပေမယ့် အတွင်းခံ ခိုးတယ်ဆိုတာက ဘာကို ဆိုလိုချင်တာလဲ!

လျှပ်တစ်ပြက်အတွင်းမှာပဲ ငါ တစ်ခုခုကို သဘောပေါက်မိသွားရတယ်...

ဗီရိုထဲကနေ ငါ ဒီနေ့ ရေကူးခန်းမက ပြန်ယူလာခဲ့တဲ့ အိတ်ကို ထုတ်လိုက်ပြီး အတွင်းထဲကို ရှာကြည့်လိုက်
တယ်။

ရေကူးဝတ်စုံတစ်စုံ၊ ရေကူးမျက်မှန်၊ ရေကူးခေါင်းစွပ်၊ နားကြပ်၊ လဲစရာ အတွင်းခံ ပြီးတော့...

နေဦး ဒီအမဲရောင် အပိုင်းအစက ဘာလဲ?!

ငါ အစကို တောင့်တောင့်ကြီး ခါပြီး ဖွင့်ကြည့်ကြည့်
လိုက်တယ်။

အဲ့ဒါက L size ကိုမှ ထိပ်မှာ Calvin Klein လို့ တံဆိပ်ခတ်ထားတဲ့ Boxer တစ်ထည်။

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now