"ရပါတယ် ကိုယ်လည်းတစ်ဖက်ကစုံစမ်းမှာပါ..."
မောင်ကြည့်ရတာ တစ်မျိုးပဲ ငါစိတ်ထင်တာပဲနေမှာပါ...

"အင်းပါ..."

"ဒါဆို ကိုယ်ဒီနေ့Jiminနဲ့သွားတွေ့ဦးမယ်နော်..."

"စောစောပြန်ခဲ့နော်..."

"အင်းပါ...."

"ဒါနဲ့လေ...."

"ဘာလဲ မောင် ပြောလေ....."

"ဘာမှမဟုတ်ပါဘူး မသွားခင် popoပေးသွားလို့ပြောမလို့..."

"မောင်ကလေ မွ..."

"မောင်ကလည်း မွ...."

နှစ်ယောက်သားကြည်နူးမူအပြည့်နဲ့ relationတစ်ခုကို အလှပဆုံးပုံဖော်နေပေမယ့် ရင်ထဲမှာတော့မီးတောက်တစ်ခုစီ ကို ထွေးပွေ့ရင်းနဲ့ ​ရှေ့ဆက်နေခဲ့တာ အချိန်တစ်ခုထိပေါ့....

ဆုံးပါးသွားတဲ့မိဘတွေအတွက် တစ်ချိန်လုံးနောက်ကွယ်ကလူကို စုံစမ်းရင်းရုန်းလေနစ်လေ အချစ်ဝဲဂယက်ထဲကJinတစ်ယောက် ဘယ်သူဘယ်ဝါမှန်းအလုံးစုံသာသိသွားခဲ့ရင် မုန်းလေမည်လား

အတိတ်ကအမုန်းတရားကိုရင်ဝယ်ပိုက်ရင်း နောက်ကွယ်ကကြိုးကိုင်လှုပ်ရှားစေခဲ့တဲ့ Jeonကရော အမှန်တရားကိုတစ်သက်လုံးဖုံးကွယ်ပြီး ဒီလူသားကိုပဲမျက်စိစုံမှိတ် ဆက်ချစ်နိုင်ပါ့မလား.....

တစ်ချိန်က Kimအိမ်တော်ရဲ့အရှင်သခင်လေးဟာ လက်ရှိJeonအိမ်တော်ရဲ့အသည်းအသက်...

မောင့်ဆီကခွင့်တောင်းပြီးပြီမို့ Jiminနဲ့တွေ့ရန် ချိန်းထားတဲ့ကော်ဖီဆိုင်လေးကို အပြေးအလွှားထွက်ခဲ့တော့တယ်...

"jimin..."

"jin hyung...."

"ဘာထူးသေးလဲ..."

"hyungလူနဲ့ပတ်သတ်ပြီးစုံစမ်းခိုင်းထားတဲ့ နောက်ကြောင်းကတော့ ဒီမှာ..."

လူတောင်ခုံမှာမထိုင်ရသေးဘူး မေးခွန်းနဲ့အရင်အစချီတဲ့Hyungကြောင့် အမှန်တိုင်းပြောလို့ ဖြစ်ပါ့မလား...

ဖိုင်လေးတစ်ခုကမျက်စိရှေ့တင် ချစ်ရသူနဲ့ပတ်သတ်ပြီး နောက်ကြောင်းတစ်ခုလုံးအစအဆုံး စုံစမ်းခိုင်းခဲ့တာ မမှားနိုင်ဘူးမို့လား မောင်....

မောင့်အရိပ်Where stories live. Discover now