အမဲလိုက်ပွဲ

Почніть із самого початку
                                    

အမဲလိုက်ပွဲတွင်ပါဝင်သူများသည် အားကောင်းမောင်းသန်ယောင်္ကျားသားများသာဖြစ်သည် ။ ထိုအထဲတွင် ကင်ထယ်ယောင်းတစ်ယောက်ထဲကသာ ကြင်ယာ‌တော်ဖြစ်ပြီးပါဝင်ခြင်းသည် ။ အခြားသောတော်ဝင်ကြင်ယာတော်တို့သည် အမဲလိုက်ကွင်းသို့လိုက်ပါကြသော်လည်း ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းတော့မရှိ ။ ဂျောင်ကုအစ်ကိုတော်၏ကြင်ယာတော်ဆိုလျှင် အမဲလိုက်ပွဲသို့မပါဝင်သည့်အပြင် အမဲလိုက်ကွင်းသို့ရောက်လာခြင်းတောင်မရှိပေ ။ ထို့ကြောင့် ထယ်ယောင်းကတော့ ကိုယ့်ကိုယ်ကို ဘဝင်ပင်မြင့်ချင်ချင်ဖြစ်မိသည် ။

အမဲလိုက်ဖို့ရန်အတွက် တောထဲသို့ဝင်သွားချိန်တွင် အုပ်စုငါးစုသည် အသီးသီးကွဲကွာသွားကြသည် ။ ထို့နောက်မွန်းတည့်ချိန်မှသာ သတ်မှတ်ထားသည့်နေရာတွင် ပြန်လည်တွေ့ဆုံပြီး အမှတ်ဆုံးဖြတ်မည်ဖြစ်သည် ။ ဂျောင်ကုတို့အုပ်စုကတော့ တောအုပ်၏ အနောက်ဖက်အရပ်သို့သွားရန်ရွေးချယ်ထားပြီးဖြစ်သောကြောင့် ထယ်ယောင်းလည်းဂျောင်ကုနှင့်အတူ အနောက်အရပ်သို့လိုက်ပါလာခဲ့သည် ။

ဂျောင်ကုတို့အနောက်အရပ်သို့လာသည့်လမ်းတစ်လျှောက်တွင် ယုန် နှင့် ဒရယ်တို့ကိုအများဆုံးတွေ့ရပြီး တောဝက်ကိုတော့ အစအနပင်မမြင်ရချေ ။ ဂျောင်ကုတို့သည် တွေ့ရှိရသမျှ သားကောင်တိုင်းကိုအမဲလိုက်၍ ဖမ်းဆီး‌နေကြသော်လည်း ထယ်ယောင်းမှာတော့ မြင်းတစ်ကောင်နှင့်အလုပ်ရှုပ်နေသည် ။ ထယ်ယောင်းက အမြဲတမ်း မြင်းစီးကွင်းမှာသာလေ့ကျင့်ဖူးတာကြောင့် တောအုပ်အတွင်းမြင်းစီးရသည်က သူ့အတွက်ခက်ခဲလှသည် ။ ထို့ကြောင့် ဂျောင်ကုပါဝင်သောလူငါးယောက်သည် အရှေ့ကိုရောက်နေပြီဖြစ်သော်လည်း ထယ်ယောင်းမှာ အနောက်ဆုံးတွင်သာဖြေးဖြေးချင်း လိုက်လာရသည် ။

ထယ်ယောင်းအနည်းငယ်တော့ စိတ်ဆိုးမိသည် ။ အချစ်က မနက်တုန်းကကျသူ့အပေါ်ဆက်ဆံတာအကောင်းကြီးပါ...အခုကျမှ ဘာထဖြစ်ပြီး သူ့ကိုဂရုမစိုက်တော့သနည်း ။ အရေးထဲ မြင်းစီးရတာကလည်း အဆင်မပြေဖြစ်နေသောကြောင့် ဒေါသပင်ထွက်ချင်လာသည် ။ထယ်ယောင်း မြင်းတစ်ကောင်နှင့်အလုပ်ရှုပ်နေတုန်း အရှေ့မှသွားနေသော လူ‌ငါးယောက်သည် ရပ်တန့်သွားသောကြောင့် ထယ်ယောင်းလည်းသူ၏မြင်းကို အရှေ့သို့လျင်မြန်စွာစီးသွားပြီး ဂျောင်ကုဘေးတွင်ရပ်တန့်လိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now