လျှို့ဝှက်ချက်တို့ ပေါ်ပေါက်ခြင်း

2.5K 272 7
                                    

(Unicode)

ထယ်ယောင်း အိမ်တော်သို့ပြန်ရောက်သည့်အခါ၌ ယန်လေးအား သူ၏ကိုယ်ပိုင်ခြံဝန်းတစ်နေရာတွင် မီးမွှေးခိုင်းလိုက်ပြီး စားဖိုဆောင်မှ ဒယ်ဆောက် ၊ မွှေရန်ဇွန်းအကြီး နှင့် သကြားများကိုယူလာခိုင်းလိုက်သည် ။ ထယ်ယောင်းကတော့ ခူးလာသော ချဉ်ပေါင်သီးများကို ရေဇလုံတစ်ခုထဲသို့ထည့်၍ ရေဆေးလိုက်သည် ။ ချဉ်ပေါင်သီးများကို သုံးခေါက်လောက်ဆေးပြီးသွားသည့်အချိန်မှာတော့ စကောတစ်ခုထဲတွင် ထည့်၍ရေစစ်ထားလိုက်သည် ။

ကိုယ်ရံတော်လေးယောက်ကိုတော့ နှုတ်ယူလာသည့် ချဉ်ပေါင်ပင်များကို ခြံဝန်းရဲ့အနောက်ဘက် တစ်နေရာတွင် စိုက်‌စေပြီးရေလောင်းထားခိုင်းလိုက်သည် ။

ချဉ်ပေါင်သီးများ‌ ရေစစ်သွားသောအခါ ယန်လေးယူလာပေးသော ဒယ်ဆောက်ထဲသို့ထည့်လိုက်ပြီး သကြားနှစ်ဆထည့်ကာ ရောမွှေလိုက်သည် ။ ဆက်တိုက်မွှေရမည်ဖြစ်သောကြောင့် ယန်လေးကိုသာ မွှေခိုင်းလိုက်ပြီး ထယ်ယောင်းကတော့ ခုံပေါ်တွင် အခန့်သားထိုင်၍ ကြည့်နေလေသည် ။ အချိန်တစ်ခုကြာသည်အထိ မွှေပြီးသွားသောအချိန်တွင် ဒယ်ဆောက်ထဲမှ ချဉ်ပေါင်သီးများသည် ပျစ်နှစ်သောအနှစ်လေးများဖြစ်လာကာ ချိုချဉ်ချဉ်မွှေးရနံ့လေးသင်းလာလေသည် ။

" ဝါး... ကြင်ယာတော်.... အနံ့လေးကမွှေးလိုက်တာ "

" အမ်း.... နဲနဲလောက်ထပ်မွှေလိုက် ခဏဆိုရပြီ.... နေလည်းဝင်နေပြီဆိုတော့ အချစ်လည်းပြန်လာတော့မယ် "

" ဟုတ်ကဲ့ ကြင်ယာတော် "

ထယ်ယောင်းလည်း အနီရောင်ရင့်ရင့်နှင့် မွှေးပျံ့လှသည့် ချဉ်ပေါင်ယိုကို ကြည့်ပြီး အလွန်ပိတိဖြစ်မိသည် ။ 21 ရာစုတုန်းကဆိုလျှင် သူ့မှာ အချိန်ဇယားတွေကများပြားလွန်းတာကြောင့် သူဝါသနာပါသည့်အရာအားလုံးကိုပြုလုပ်ခွင့်မရခဲ့ပေ ။ ထို့ကြောင့် ယခုချိန်မှာတော့ သူပြုလုပ်ခွင့်မရခဲ့သည့် အရာများကို အတိုးချပြီးလုပ်တော့မည် ဖြစ်သည် ။

ချဉ်ပေါင်ယို ရလာသောအခါတွင် ဒယ်ဆောက်ထဲမှ ချဉ်ပေါင်ယိုအချို့ကို ကြွေပန်းကန်ငယ်လေးလုံးထဲသို့ထည့်လိုက်ပြီး ကျန်နေသေးသော ချဉ်ပေါင်ယိုများကို ငပိသိပ်သော အိုးငယ်ထဲသို့ထည့်၍ သိမ်းဆည်းလိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now