အမေးအဖြေ

1.5K 135 9
                                    

(Unicode)

Hi...I'm not a girl ‌လေးကပြီးသွားခဲ့ပြီဆိုပေမဲ့ တစ်ချို့နေရာတွေမှာ မေးစရာတွေရှိနေမှာအသေအချာပါပဲ ။ ဥပမာ - ယောင်းကဘာလို့နောက်ဆုံးမှာ အရိုးစုဖြစ်သွားခဲ့ရတာလဲပေါ့ ။ ဟုတ်ပါတယ် ဒါလေးက ကိုယ်မြှုပ်ထားခဲ့တာလေးပါ ။ အဲ့ဒါအတွက် Hint လေးတွေပေးထားပါတယ် ။ မထင်မရှားလေးပေါ့ ။ ဒီနေ့မြင်လိုက်ရတဲ့ ဖိဘက်လေးတစ်ခုကြောင့် ဒီမြှုပ်ထားခဲ့တာလေးကို ပြောပြပါ့မယ် ။ တခြား မေးစရာလေးတွေရှိနေခဲ့ရင်လည်း ဒီမှာ မေးသွားလို့ရပါတယ်နော် ။ ကိုယ်ပြန်ဖြေပါ့မယ် ။

စစချင်းပြောရမယ်ဆိုရင် ယောင်းက ရှီလာခေတ်ကို ဝိဉာဏ်ကူးပြောင်းလာခဲ့တာပါ ။ ဒါ့အပြင် သူကူးပြောင်းလာခဲ့တဲ့ ခန္ဓာကိုယ်ပိုင်ရှင်က သေပြီးသားလဲဖြစ်ပါတယ် ။

လူတွေက သေပြီးရင် ခန္ဓာကိုယ်ကတဖြည်းဖြည်း ပုပ်သိုးဆွေးမြည့်လာကြတာပဲမဟုတ်လား ။ ဒါကြောင့် ယောင်းကူးပြောင်းလာတဲ့ ခန္ဓာကိုယ်ဟာလည်း တဖြည်းဖြည်း ပုပ်သိုးလာမှာပါ ။ ဒါပေမဲ့ အဲ့ဒီခန္ဓာကိုယ်ထဲကို ယောင်းရဲ့ဝိဉာဏ်ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်ဟာ ယောင်းရဲ့ဝိဉာဏ်စွမ်းအားကြောင့် မပုပ်မသိုးဘဲရှိနေခဲ့တာပါ ။ ဒါကို အပိုင်းတစ်ဆယ့်ခုနစ် ယောင်းက ဂျောင်းကုကို ပြောပြတဲ့ပုံပြင်‌လေးမှာ hint ထားခဲ့ပါတယ် ။ ပုံပြင်က အလကားထည့်ထားခဲ့တာမဟုတ်ပါဘူး... ပုံပြင်လေးက တစ်နေ့မှာ ထယ်ယောင်းတကယ် ဖြစ်လာမှာကို ရည်ညွှန်းထားခဲ့တာပါ ။

" အချစ်...တကယ်လို့လေ တစ်နေ့မှာ ထယ်ကပုံပြင်ထဲကမင်းသမီးလေးအတိုင်းဖြစ်လာခဲ့ရင် အချစ်က ထယ့်ကို ထားခဲ့မှာလား "

ဆိုတဲ့စာသားလေးက ယောင်းဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့မှာ ပုပ်သိုးပျက်စီးသွားမယ်လို့ပြောချင်တာပါ ။ ဒီမှာ ထပ်မေးစရာရှိပါလိမ့်မယ်... ဘာလို့ ခန္ဓာကိုယ်က ချက်ချင်းမပျက်စီးသွားပဲ နှစ်လိုက်ချီတည်ရှိနေရတာလဲပေါ့ ။

ဒါက ဘာလို့လဲဆိုတော့ ယောင်းရဲ့ဝိဉာဏ်စွမ်းအားကြောင့်ပါပဲ ။ လူတိုင်းမှာ ဝိဉာဏ်စွမ်းအားဆိုတာရှိကြတယ် ။ ယောင်းလည်းဒီလိုပဲ သူဝိဉာဏ်ကူးပြောင်းသွားပေမဲ့ သူ့ဆီမှာ ဝိဉာဏ်စွမ်းအားရှိနေသေးတယ် ။ ဒါကြောင့် သူ့ရဲ့ဝိဉာဏ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကို မပုပ်မသိုးအောင်ထိန်းသိမ်းနိုင်ခဲ့တာပါ ။ ဒါပေမဲ့ ယောင်းကသူများခန္ဓာကိုယ်မှာ ငှားနေနေရတာဖြစ်တာကြောင့် သူ့ရဲ့ဝိဉာဏ်စွမ်းအားကလည်း တဖြည်းဖြည်းလျော့နည်းလာတယ် ။ မူလခန္ဓာကိုယ်နဲ့ အကြာကြီးဝေးကွာနေခဲ့ရတာလည်းပါတာပေါ့ ။

I'm Not A Girl |TK|✓Where stories live. Discover now