(Unicode)
“ အချစ်....ထယ်တို့ မီးပုံးလေးဝယ်ကြရအောင် ”
မီးပုံးလေးတစ်လုံးကိုင်၍ ပြောလာသည့် ထယ်ယောင်း၏စကားလုံးတို့က ဂျောင်ကုအား ငြင်းဆန်ဖို့ရန်အတွက်အင်အားမဲ့စေသည် ။
“ အင်း...လိုချင်ရင် ဝယ်လိုက်လေ မီးပုံးလေးတစ်လုံးပဲဟာ ”
“ အွန်း....ဒါဆို တစ်လုံးလောက်ဝယ်ရအောင်...ဆိုင်ရှင် ကျွန်မကို အရည်အသွေးမြင့်တဲ့ မီးပုံးလေးပြပေးပါ ”
ပျော်ရွှင်နေပုံရသည့် ဆိုင်ရှင်ကလည်းချက်ချင်းပင် ဆိုင်အနောက်ဘက်ကိုဝင်သွားကာ အရည်အသွေးမြင့် မီးပုံးလေးတစ်လုံးကိုယူလာပေးသည် ။
“ သခင်မလေး...ဒီမှာကြည့်ပါ ဒီမီးပုံးကကျွန်တော့်ဆိုင်မှာရှိတဲ့ အရည်အသွေးအကောင်းဆုံးသောမီးပုံးပါ...စက္ကူအရည်အသွေးကလည်း ထိပ်တန်းဖြစ်ပြီးတော့ ပြုလုပ်ထားတာကလည်း တော်တော်လေးကိုအသေးစိတ်ပြီးသေသပ်လှပါတယ် ”
ထယ်ယောင်းလည်းဆိုင်ရှင်ပြလာသည့်မီးပုံးကိုကိုင်ကြည့်လိုက်တော့ ဆိုင်ရှင်ပြောသလိုပင် မီးပုံးအရည်အသွေးကမြင့်မှန်းသိသာလှသည် ။ ဒါ့အပြင် မီးပုံးမျက်နှာပြင်မှာဆွဲထားသည့် ပန်းချီလေးက ‘ မန်ဒရင်း ဘဲရိုင်း ’ စုံတွဲပုံလေးဖြစ်သည် ။
“ ဪ... ဒါလေးက မန်ဒရင်းဘဲရိုင်း စုံတွဲလေးမလား ”
“ အာ...သခင်မလေးက ထက်မြက်လှပါတယ်...ဒါကတကယ်ကို မန်ဒရင်းဘဲရိုင်းစုံတွဲပါ....ဒါကြောင့် ဒီမီးပုံးလေးက သခင်မလေးတို့လိုငယ်ရွယ်တက်ကြွတဲ့စုံတွဲနဲ့ အင်မတန်ကိုလိုက်ဖက်လွန်းလှပါတယ် ”
ဆိုင်ရှင်၏စကားကြောင့် ဂျောင်ကုလည်း ချောင်းအသာဟန့်လိုက်ပြီး
“ အဟမ်း...ဝယ်မယ်ဆိုဝယ်လိုက်တော့လေ... ဘာတွေစကားများနေစရာလိုသေးလို့လဲ ”
“ အချစ်ကလည်း ဘာတွေစိတ်မရှည်ဖြစ်နေတာလဲ ဝယ်မှာပေါ့လို့...ဆိုင်ရှင် ဒါဆိုဒီမီးပုံးလေးပဲယူလိုက်မယ် ”
“ ကောင်းပါပြီ ကောင်းပါပြီ.... ငွေတစ်တုံး ကျသင့်ပါတယ် သခင်မလေး ”
YOU ARE READING
I'm Not A Girl |TK|✓
Fanfictionအချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End _ Sep 17,2021 အခ်စ္သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... #cover_art_by_Luno