လက်ဆောင်

1.7K 225 22
                                    

(Unicode)

အပိုင်း - ၂၅

ထယ်ယောင်းပြောသည့်စကားများသည် ညီလာခံခန်းမထဲ၌ရှိနေသော သူများအားလုံးကိုအံ့အားသင့်စေသည် ။ နိုင်ငံတစ်နိုင်ငံတွင် နယ်စပ်ဒေသများသည် စစ်အင်အားနည်းပါးလွန်းပြီး တိုးတက်မှုလည်းနောက်ကျသည် ။ ထို့ကြောင့် နိုင်ငံကိုအပိုင်သိမ်းမည်ဆိုလျှင် အားနည်းသည့် နယ်စပ်ဒေသမှစ၍ သိမ်းပိုက်ခြင်းကအကောင်းနည်းပင်ဖြစ်သည် ။

ဟန်လူမျိုးတို့ မည်မျှပင်အင်အားကြီးစေကာမူ ထယ်ယောင်းပြောသည့်အတိုင်း မြို့တော်ကိုတော့ရုတ်တရက် ဝင်စီးနိုင်ခြင်းမရှိပေ ။ ထို့ကြောင့် ရန်သူများမြို့တော်ဝင်မလာနိုင်ခြင်းကိုအခွင့်ကောင်းယူ၍ နယ်စပ်ဒေသကိုသာ ကာကွယ်ခြင်းသည်အကောင်းဆုံးနည်းလမ်းပင်ဖြစ်‌ပေလိမ့်မည် ။ မြို့တော်သာ သိုးခြံတစ်ခြံဖြစ်ပါက နယ်စပ်ဒေသသည် သိုးခြံကိုကာကွယ်ပေးနေသည့် ခြံစည်းရိုးပင်ဖြစ်သည် ။ နယ်စပ်ဒေသရှိနေ၍သာ ရန်သူများ မြို့တော်အတွင်းသို့ ဝင်မလာနိုင်ခြင်းဖြစ်သည် ။

“ ပြောသွားတာတွေကတော့ သိပ်ကိုကောင်းတယ်...ဒါပေမဲ့ နိုင်ငံရေးထဲကို သိပ်ကိုဝင်ပါမိနေတယ်များမထင်မိဘူးလား ကြင်ယာတော် ”

“ မှန်ပါ့ အရှင်မင်းမြတ်....အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေနိုင်အောင်လုပ်ရမယ် ဆိုတဲ့စကားဟာ မှန်ပေမဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘူးဆိုတာတော့ မဖြစ်သင့်ကြောင်းပါ ”

“ ဪ... အဲ့လိုလား ဆိုစမ်းပါဦး ”

ပြုံးစစနှင့် ပြောနေသည့် ဘုရင်က ထယ်ယောင်းကိုစမ်းသပ်နေတာမှန်းသိသာလှသည် ။ ကင်မ်ထယ်ယောင်း တော်လားမတော်လား သိချင်နေမှတော့ ကင်မ်ထယ်ယောင်းကလည်း ပြရသေးတာပေါ့ ။

“ အရှင်မင်းကြီး...ရှီလာကိုအုပ်စိုးခဲ့တဲ့မင်းဆက်တွေမှာ ဘုရင်ဂျင်ဟုံရဲ့ မယ်တော်ကလည်း ဘုရင်မအဖြစ်အုပ်စိုးခဲ့ပြီး ဘုရင်မ ဒုံမန်းကလည်း အမျိုးသမီးတစ်ယောက်ပဲ မဟုတ်ပေဘူးလား...နေရာတိုင်းမှာ အမျိုးသမီးလွတ်ကင်းတဲ့ နေရာဆိုတာမရှိသလို ကြင်ယာတော်တွေကလည်း ပညာမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး...ဒါကြောင့် ဒီကြင်ယာတော် နိုင်ငံရေးမှာ ပါဝင်မိတယ် ဆိုတာကလည်း အထူးအဆန်းကိစ္စမဟုတ်ဘူးလို့ထင်မိပါတယ် ”

I'm Not A Girl |TK|✓Where stories live. Discover now