တစ်ခါအလျော့ပေး ၊ နှစ်ခါအလျော့ပေးနေရင်း
ကနေ အခါခါအနိုင်ယူလာတာကို စိတ်ကုန်နေသ
လိုပဲ ၊ကိုယ့်ကို စွတ်စွဲလာသမျှစကားတွေကိုလဲ
အသဲပေါက်အောင်နာလှသည် ။ စိတ်ထဲမှာတေး
မှတ်ထားသမျှက ဒီထောင်ရေးကိုလက်လွှတ်လိုက် ဖို့အထိ အဆင်သင့်ဖြစ်နေတာမျိုး ။

အထူးသဖြင့် သူစိမ်ယောက်ျားတစ်ယောက်အရှေ့
မှာ ကိုယ့်ပါးကိုရိုက်ခဲ့တာက အိမ်မှာ သူနဲ့ကိုယ်
နှစ်ယောက်ထဲရှိနေတဲ့အချိန် အရိုက်ခံရတာထက်
အစပေါင်းများစွာ ဒေါသထွက်စေသည် ။ နောက်ပြီး
ကိုယ့်ကိုကြုံရာလူနဲ့ပေးစားတက်တဲ့ အကျင့်ကိုလဲ
စက်ဆုပ်လှပြီ ။

ဒီလူဟာ ဘဝမှာပထမဆုံးချစ်ခဲ့ဖူးတဲ့အချစ်ဦး ။
ဒီစိတ်နဲ့ပဲ ကိုယ်တောင့်ခံလာခဲ့ရတာပါ ။
ဒါပေမယ့် ယိုင်နဲ့နဲ့စိတ်ဟာ အတွန်းအတိုက်ခံရပါ
များလာလွန်းတော့ လွတ်ထွက်ချင်လာခဲ့ပြီ ။ ချစ်တာကသပ်သပ် စိတ်နာတာကသပ်သပ် ။
ချစ်လွန်းလို့ အရာရာသည်းခံလိုက်မယ်ဆိုတဲ့စိတ်ထဲမှာ ကိုယ့်ရဲ့သိက္ခာနဲ့ အိမ်ထောင်သည်ဘဝမှာ
စောင့်ထိန်းခဲ့တဲ့ သိက္ခာကို စော်ကားခံရဖို့အတွက်တော့မပါပါ ။ ဒီနှစ်ခုကိုထိလာရင်တော့ သူသေ
ကိုယ်သေ ပြိုင်ဆိုင်ရဖို့လဲဝန်မလေးတော့ ။

တစ်ခုရှိတာက ဒီတစ်ခါကိစ္စမှာ ကိုယ်လဲအမှားမကင်း ။ အစထဲက ပါတီရှိနေတာလို့ပြောရမှာကို အလွယ်တကူအလုပ်ကိစ္စလို့ပြောလိုက်မိတာ ဒါက ကိုယ့်အမှား ။ သူ့ဘက်ကသာ သူ့အမှားကို အရင်စပြီး
တောင်းပန်လာရင် ကိုယ်လဲ ကိုယ်မှားခဲ့တာကို
သေချာပေါက်ပြန်တောင်းပန်ပေးမှာပါ ။

ကိုယ်အိမ်ပြန်လာတဲ့အကြောင်းကို မမက သေသေချာချာမမေးပေမယ့် အဆင်မပြေဘူးဆိုတာကိုတော့
သိနေတဲ့ပုံပါပဲ ။ ယောက်ဖကလဲ အဖြစ်အပျက်အကုန်လုံးကိုမသိသည့်တိုင် အနည်းငယ်တော့သိနေတဲ့ပုံနဲ့ ကိုယ့်ကိုအားနာနေတဲ့ပုံစံမျိုးပြလာသည် ။
ကိုယ်ကတော့ ဘယ်သူ့ကိုမှအပြစ်တင်မနေချင်တော့ပဲ အရာအားလုံးဟာ ကိုယ့်ကုသိုလ်ကံလို့သာ
ဖြည့်တွေးလိုက်တယ် ။

ကိုယ့်အနေနဲ့တွေးနေမိတာက မာနကြီးလွန်းတဲ့
လူကြီးက ကိုယ့်ကိုပြန်တောင်းပန်မလာလို့ ဒီအိမ်
ထောင်ရေးကိုအဆုံးသတ်လိုက်ရတဲ့အခါမှာ ရှေ့
ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကိုပါပဲ ။ မာနကြီး
လွန်းတဲ့ လူကြီးက ကိုယ့်ကိုတောင်းပန်လာဖို့ဆိုတာ
တော်တော်ကြီးမှ မဖြစ်နိုင်တဲ့အခြေအနေလေ ။

My Oleander Hubby ( Completed ) Where stories live. Discover now