Part 16

866 76 2
                                    

တံခါးဖွင့်လိုက်တော့တန်းမြင်ရသည်က ဆိုဖာပေါ်ငုတ်တုတ်လေးအိပ်ပျော်နေသော Nanon ။ အိပ်ပျော်မှာစိုးလို့
မလှဲပဲ ငုတ်တုတ်ထိုင်စောင့်နေသည်အထိ စိတ်ပြင်းပြနေတာက သူ့ကိုထပ်ခွဲရမှာကြောက်လို့လားလေ။

အနားသွားပြီးဘေးမှာဝင်ထိုင်သည်အထိ ချစ်ရသူက
နိုးမလာ။ နဖူးပေါ်ဝဲကျနေသောဆံသားအချို့ကိုသပ်တင်ပြီး
အနမ်းတို့ကြဲချမိသည်။ မင်းလည်းငါလိုကောင်နဲ့  ပတ်သတ်မိတော့ ဒုက္ခတွေများရတယ် Non။ မခေါ်ချင်ဘူး ဒီလို
စိတ်ပျက်စရာဘဝထဲ။ ဒါမဲ့ကိုယ်နဲ့မဟုတ်ရင်နေပျော်မှာမဟုတ်မှန်းသိတော့ ပိုဆိုးတယ်။ သူလည်းမခွဲနိုင်သလို
ကျွန်တော်လည်းထပ်တူပါပဲ။ ညတိုင်း ရင်ခွင်ထဲထည့်သွင်းလိုက်တာနဲ့ကောင်းကောင်းအိပ်ပျော်သွားတတ်တဲ့ ဒီလူသားမရှိရင် ကျွန်တော်လည်းအိပ်ပျော်တော့မယ်မထင်။ အသက်အရွယ်အားဖြင့် ကျွန်တော်ကသူ့ထက်လပိုင်း
ပိုကြီးနေတာတောင် တခါတလေများကျွန်တော်ဂျစ်တိုက်ပြီး
ချွဲချင်တဲ့အခါကျ အမြဲရင်ခွင်ထဲဆွဲသွင်းရင်း ယုယတတ်သူ။

အကြောင်းပြချက်မယ်မယ်ရရမပေးခဲ့ပဲ ဒီကောင်ကတစ်ကိုယ်ကောင်းဆန်ပြီးထားပစ်ခဲ့တာတောင် မမုန်းခဲ့သူ။
အသစ်ထပ်ရှာဖို့နေနေသာသာ ကျွန်တော့်ကိုလိုက်ရှာရင်းနဲ့ပဲ
ကျွန်တော်ဆိုတဲ့သံသရာထဲမှာလည်နေသူ။ ဒီလိုလူမျိုးကို
အကောင်းဆုံးဆိုတဲ့အရာတွေပဲပေးချင်တာ။

သူချစ်သလိုကျွန်တော်သူ့ကိုအဆများစွာပိုချစ်တဲ့အကြောင်းသက်သေပြနိုင်ဖို့ဘာတွေပဲ လုပ်ရလုပ်ရလုပ်ရဲတယ်။
ရန်သူတစ်ရာစီးချင်းထိုးနိုင်တယ်လို့ အပိုဘာညာကျွန်တော်
မပြောချင်။ ရန်သူလို့မဆိုသာတဲ့ ကျွန်တော့်အမေရဲ့နောက်အိမ်ထောင်ကျွန်တော့် ပထွေးလက်ကနေတော့
လွတ်ရာကျွတ်ရာမှာထားပေးမည်။ အဲ့လူက သောက်ရူး
သူမလုပ်ရဲတာဘာမှမရှိတဲ့သောက်ရူးမို့ ပေါက်ကရအတွေးတွေ ခွေးကျင့်ခွေးကြံတွေကြံပြီး Nanon ကို ဒုက္ခပေးလာမှာကိုကျွန်တော်သေလောက်အောင်စိုးရိမ်သည်။

နှာတံပြေပြေလေးတစ်လျှောက် လက်ညှိုးနဲ့ဖွဖွလေးပွတ်ဆွဲမိတော့ အင့်ခနဲ အသံပြုပြီးနိုးလာသည်။ လူနဲ့သတိက မကပ်
မျက်လုံးတွေပွတ်ပြီး ကျွန်တော့်ကိုမြင်သည်နဲ့ ရင်ခွင်ထဲ
အားနဲ့ပစ်ဝင်လာသည်။ တင်းကျပ်သောဖက်တွယ်မှုနှင့်အတူ
ရင်ဘတ်ဆီမှာ စိုစွတ်သောအတွေ့။ ဘာလို့ငိုရသလဲအချစ်ရယ်။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now