Part 2

1.2K 106 3
                                    

Unicode

"လူဆိုတာအမှားနဲ့မကင်းဘူးဆိုတဲ့စိတ်နဲ့ပဲ
မင်းအပေါ်ငါက အရာရာခွင့်လွှတ်ပါတယ်...
မပျောက်ကင်းနိုင်တဲ့ ရင်ဘတ်ထဲက ဒဏ်ရာပေါ်
မိုးစက်တွေလာရောက်ထိတွေ့တိုင်းမှာလည်း
မင်းနာမည်ကိုပဲ ဖွဖွလေးတပါ့မယ်"

-------------------------------
နိုးထလာသော အသိအာရုံနဲ့အတူ လှုပ်ရှားမိလိုက်တဲ့
နေရာတိုင်းလိုလိုက နာကျင်ကိုက်ခဲနေတယ်...။
ထ ထိုင်ချင်နေပေမယ့် ကျွန်တော်မျက်လုံးတွေမဖွင့်နိုင်သေးဘူး။ ပင်ပန်းလွန်းလာတဲ့အခါ ကျွန်တော်ဒီလိုပဲအနားယူချင်တယ်..။

တစ်နှစ်... ဟုတ်တယ်..။ သူမရှိတော့တဲ့တစ်နှစ်အတွင်းမှာ
ကျွန်တော်ပုံမှန်ထပ်အလုပ်တွေပိုကြိုးစားခဲ့တယ်...။
သူ့ကိုမေ့ချင်တာမျိုးမဟုတ်ပေမယ့် အလုပ်ထဲစိတ်တွေ
နှစ်ထားတဲ့အခါမှာ အလွမ်းတချို့က သက်သာခွင့်ရပါတယ်။

တစ်ချက်လေးလွှတ်လိုက်တာနဲ့ ချက်ချင်းပျောက်ကွယ်သွားခဲ့တဲ့ ကျွန်တော့်အချစ်ဦးလေးက လမ်းခွဲတဲ့နေ့ကစလို့ အခုထိ
ကျွန်တော့်မျက်စိရှေ့ပေါ်မလာခဲ့ပါဘူး...။ နှစ်နှစ်ဆိုတဲ့
တွယ်တာမှုမှာ ကျွန်တော့်အတွက် သူသာနေ့သူသာည
အရာရာသူ့စိတ်နဲ့ချည်း ရှင်သန်ခဲ့ရတာမို့ သူမရှိတဲ့ရက်တွေတိုင်းဟာကျွန်တော့်အတွက် ရှင်သန်ချင်စရာတစက်မှ
မကောင်းဘူး...။ လက်မလွှတ်နိုင်စိတ်နဲ့အတူ အချစ်ဦးလေးကို အသည်းအသန်လိုက်ရှာပါသော်လည်း အပုန်းကောင်းတဲ့သူမို့ ကျွန်တော့်လို ခပ်နုံနုံလူတယောက်က လိုက်ဖမ်းမမိခဲ့ပါဘူး။ ဘယ်တွေရောက်နေလဲ OhmPawatရယ်...။

ကျန်းမာရေးချူချာတတ်တဲ့ငါ့ကိုဖျားတိုင်းမှာ ရင်ဘတ်ထဲ
တစ်ညလုံးထည့်ပွေ့ထားတတ်တဲ့မင်းကို သိပ်လွမ်းတယ်။
မင်းရင်ငွေ့ခြုံပြီးလုံခြုံခဲ့ရတဲ့ညတွေမှာ တညလုံးနမ်းရှိုက်
ခွင့်ရခဲ့တဲ့မင်းကိုယ်သင်းနံ့လေးကိုလည်းလွမ်းတယ်...။

ပြန်လာခဲ့ပါခင်ဗျားရယ်...ဒီလူကသိပ်လွမ်းနေပါတယ်။

--------------------

မွန်းကြပ်လွန်းလာတဲ့အချိန် ရင်ဖွင့်စရာဆိုတာမရှိခဲ့ဘူး...
ကိုယ်ကမှားခဲ့သူမို့ ကြိတ်ပီးခံစားခဲ့ရတယ်........။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now