Part 4

932 97 6
                                    

No More Tear (Unicode)

"တဆိတ်လောက်"

ကြည်လင်ချိုမြစွာထွက်ပေါ်လာသော အမျိုးသမီးတစ်ယောက်၏ အသံကြောင့် Nanon ဘေးလှည့်ကြည့်မိလောက်တော့ မြင်လိုက်ရသည်က သက်လတ်ပိုင်းအရွယ် ခပ်ချောချောအမျိုးသမီးတစ်ဦး....။

" ဟုတ်ကဲ့ဗျ "

" အန်တီ့ပိုက်ဆံအိတ်လေး ပျောက်သွားလို့ကွယ်
အဲ့ဒါ ဒီနေရာမှာ အိတ်လေးတွေ့မိသေးလား.... အညိုရောင်
လည်သာအိတ်လေးပါ..."

Chan ထွက်သွားတာ နာရီဝက်ကျော်ပြီ...အခုထိပြန်မလာသေးဘူး..။ ရောက်တည်းက ကျွန်တော်တို့စကားထိုင်ပြောနေချိန်နဲ့ဆို ဒီနေရာမှာကျွန်တော်ရှိနေတဲ့ တစ်နာရီအတောအတွင်း တခြားမည်သည့်တစ်စုံတစ်ယောက်မျှရောက်မလာ..။

" ကျွန်တော် ဒီမှာထိုင်နေတာတော့ကြာပြီဗျ ရောက်ကတည်း
အိတ်ကိုမတွေ့မိပါဘူး ပြီးတော့ ဒီကိုတခြားဘယ်သူမှလည်း
လာတာမတွေ့သေးဘူးဗျ"

ကျွန်တော်ပြောလိုက်တော့ ထိုအမျိုးသမီးကစိတ်ညစ်ဟန်နဲ့
ဂုတ်ကိုပွတ်နေတယ်..။

" တီလေး ဒီမှာ... အိတ်က ကားထဲကျန်ခဲ့တာ.."

စူးရှအောင်မြင်စွာထွက်ပေါ်လာသည့်အသံ။
သူသာနားကြားမမှားဘူးဆိုရင် ဒီအသံဟာ Nanon
မှတ်ဉာဏ်တွေထဲ အမြဲရှိနေတဲ့အသံ။ မယုံနိုင်စိတ်နဲ့အတူ
နောက်သို့လှည့်မကြည့်ရဲပဲ မြစ်ရေပြင်ကိုသာမျက်နှာမူရင်း
တရွေ့ရွေ့နီးကပ်လာသော ခြေသံကိုသာအာရုံစိုက်နေမိသည်။

"သေချာရှာပါဆို မရှာဘူး အိတ်ကကားနောက်ခန်းထဲကျန်ခဲ့တာ ဘယ်နှယ့်မသွားထားတဲ့နေရာတွေထိလိုက်ရှာနေတယ်
အံ့သြ စရာ "

ပိုမိုနီးကပ်စွာကြားလိုက်ရသောအသံကြောင့် ရင်အစုံဟာဒိတ်ခနဲ။ Ohm လိုအသံဟာ နှစ်ယောက်မရှိနိုင်။ မှတ်ဉာဏ်အရရော နှလုံးသားကပါ အတည်ပြုနိုင်နေတဲ့ ဒီအသံပိုင်ရှင်ဟာ
သေချာပေါက် သူဖြစ်နေမှာ....။

တစ်နှစ်ကျော်ဆိုတဲ့ကာလအတွင်း မကြားရတာကြာပြီဖြစ်တဲ့အသံလေး ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ...။
ဝမ်းသာစိတ်နဲ့အတူ မြန်ဆန်လာသောနှလုံးခုန်သံ။ တုန်ယင်နေသော စိတ်တို့ကိုလျစ်လျူရှုပြီး လှည့်ကြည့်လိုက်တော့...

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now