Unicode..
" လမ်းခွဲကြရအောင် "
စကားအဆုံး ကြွေကျသွားတဲ့မျက်ရည်တစ်စက်....
ဆတ်ခနဲနာကျင်သွားတဲ့ နှလုံးသားတစ်စုံနဲ့အတူ အတင်းဝင်ရောက်လာတာက မယုံကြည်နိုင်မှု...
ဟင့်အင်း သူနောက်နေတာနေမှာ။"အဟက်...နောက်စရာမှမဟုတ်ပဲ Ohmရယ်
ကစားချင်လည်း တခြားနည်းပြောင်းကစားကွာ
အလကားသက်သက် စိတ်ညစ်အောင်မလုပ်နဲ့""မဟုတ်ဘူး ဘေဘီ ကိုယ်နောက်နေတာမဟုတ်ဘူး
ကိုယ်တို့လမ်းခွဲဖို့ကို အတည်ပြောနေတာ..."အကြောင်းပြချက်မရှိပဲ ဘာလို့ရုတ်တရက်ကြီးလဲ။
နှစ်နှစ်ကျော်တည်ဆောက်လာတဲ့သံယောဇဥ်က
ဒီလိုလွယ်လွယ်ဖြတ်ပစ်ဖို့မှမဟုတ်တာ..။
စချစ်တတ်တည်းက ငါ့ရဲ့အရာရာက မင်းနဲ့ပဲစတင်ခဲ့တာ။
ငါ့ရဲ့အချစ်ဦး ငါရဲ့အချစ်ဆုံး အရာအားလုံးနဲ့ယှဥ်ရင်တောင်
မင်းမျက်နှာကိုပဲ ကြည့်ပြီးရူးခဲ့တာ...မင်းမှမင်းဖြစ်နေခဲ့ရသမျှကမင်းထားခဲ့တာခံရဖို့မှမဟုတ်တာ...။
မဖြစ်ရဘူးလေအချစ်ရဲ့ မင်းငါ့ကိုတကယ်ခွဲသွားလို့မဖြစ်ပါဘူး။"ဘာလို့လဲ Ohm အကြောင်းပြချက်ကဘာလဲ
မင်းမှာ အခက်အခဲတစ်ခုခုများရှိသလား...
ရှိရင်ငါတို့အတူတူဖြေရှင်းကြမယ်လေနော်...
စိတ်ညစ်တိုင်းလမ်းခွဲမယ်လျှောက်မပြောပါနဲ့ကွာ"ကျောခိုင်းထားရာကနေ ကျွန်တော့်ကိုလှည့်ကြည့်တဲ့ သူ။
ဖြစ်နိုင်ရင်အချိန်တွေကိုဒီမှာပဲ ရပ်ထားပစ်လိုက်ချင်တော့တယ်။ မကြားချင်ဘူး သူဆက်ပြောလာမယ့်စကားတွေကို။
မကြားချင်ဘူးဆိုတာထက် မကြားရဲတာ...။"မင်းသိလား ဘေဘီ။ တစ်ခါတလေမှာ အချစ်တစ်ခုတည်းနဲ့
ပြီးဆုံး မသွားနိုင်မယ့်အရာတွေရှိတယ်..ချစ်နေရင်တောင်
ရှေ့ဆက်တိုးမရနိုင်တော့မယ့်အခြေအနေတွေရှိတယ်။
ချစ်နေရင်တောင်ထုတ်ပြမရနိုင်တော့မယ်အခြေအနေတွေရှိတယ်.."ဒဿနလိုလို ဝတ္ထုလိုလိုစာစုတွေကိုကျွန်တော့်ကိုရွတ်ပြတယ်။
"ဘာတွေအတွေးလွန်နေတာလဲOhm.. ငါရှိတယ်လေ
ငါက မင်းအခက်အခဲတွေရဲ့အဖြေမဟုတ်ဘူးလား...
ဒါမှမဟုတ်အဖြေကိုတူတူရှာလို့မရနိုင်ဘူးလား
မင်းတကယ်လို့ ပြသနာကြုံနေခဲ့ရင်လည်း
အတူတူ ရင်ဆိုင်ကြမယ်လေကွာ ငါ့ကိုဒီလိုမျိုးတွေထပ်ပြီး
မပြောပါနဲ့...ငါ...ငါတကယ်တောင်းပန်..."
YOU ARE READING
𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫
Fanfictionကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။