Part 8

1K 79 4
                                    

Unicode

" ရုန်းလေ နစ်လေတဲ့...
ရီစရာကောင်းတာတစ်ခုက
မင်းဆီကတခါမှရုန်းမထွက်ခဲ့တဲ့ငါ
မင်းဆီမှာပဲ အကြိမ်ကြိမ် နစ်မြုပ်နေတာ....
မရုန်းတာထက် မရုန်းချင်တာဆိုပိုမှန်လိမ့်မယ်Ohm...
ဘာလို့ဆိုငါက ဒီဒုက္ခနွံလေးကိုမှ သိပ်မြတ်နိုးတာရယ်မို့......."

==============No more tear

မတွေ့တော့ဘူးထင်ကာမှ ရုတ်တရက်တွေ့လိုက်ရသည့်အတွက်ရော
လွမ်းနေခဲ့ရသည့် သူ့​ရင်ခွင်ကျယ်ကြီးထဲဆွဲသွင်းကာ ပွေ့ဖက်ခံလိုက်ရသည့်အတွက်ရော Nanon နှလုံးသားတစ်ခုလုံးဗြောင်းဆန်ကာ လူက တိမ်ပေါ်ပဲလွင့် နေသလိုလို............
စိုစွတ်လာသောအထိအတွေ့နှင့်အတူရှိုက်သံတချို့ကြောင့် သတိပြန်ဝင်လာခဲ့တော့မှ........ Ohmကငိုနေတာလား?

ဘာလို့ငိုလဲOhm...ဘာတွေဝမ်းနည်းနေတာလဲ.....
မကြင်နာလို့ဒီကောင့်ရင်ကိုခြေစုန်ကန်ပြီးမှ ပျော်အောင်နေ​ရော ပေါ့...။

ငိုနေသောသူ့ကိုနှစ်သိမ့်ပေးဖို့တွေးမိသော်လည်း...
တကယ့်တကယ်တမ်းကျ ယောင်နနဖြင့်ပါးစပ်က
ထွက်သွားသည်က
"Ohmမင်းငိုနေတာလား... လူတွေအများကြီးရှိတယ်လေ..." တဲ့...

ရုတ်တရက် Nanonပါးနှစ်ဖက်အား လက်ဝါးဖြင့်အုပ်ကိုင်ပြီးတောင်းပန်ပါတယ် ပြောကာ ပြေးထွက်သွားသောသူရယ်ပါ..သတိထားမိသလောက်တော့ သူ့လက်ဖဝါးတွေကအေးစက်လို့ မဟုတ်မှ...ကျွန်တော် စကားမှားသွားတာလား....

ရုတ်တရက်အဖြစ်အပျက်ကမြန်ဆန်လွန်းလှပါသည်....ခုနကပဲOhmရင်ခွင်ထဲ သူရောက်နေခဲ့သေးသည်... အခုOhmကသူ့ရှေ့တွင်မရှိတော့......အကြာကြီးမဖက်ထားရလို့နှမျောလိုက်တာ....ငါ့မှာမင်းရင်ခွင်ကိုလွမ်းနေခဲ့ရတာကို..........

Ohmဆိုတဲ့ စိတ်ညစ်စရာလေးက အခုလည်းသူ့ကိုထားခဲ့ပြီး ထွက်သွားပြန်ပါပြီ.........အကြိမ်ကြိမ်ကျန်ခဲ့ရလည်းငါအမှတ်မရှိသေးဘူး... ဘယ်လိုလုပ်မလဲ ဒီလူသားလေးကိုမှ တွယ်တာနေမိတော့....

မင်းကမူးယစ်ဆေးဆို ငါက မူးယစ်ဆေးကိုမှတွယ်တာနေတဲ့ ဆေးသမားလေး..... ယစ်မူးစေတာချင်းတူပေမယ့်
အနည်းဆုံးတော့ မင်းအထိအတွေ့တွေက နွေးထွေးတယ်မလား.......
မကောင်းမှန်းသိလည်းငါရုန်းမထွက်ချင်တော့ဘူးအချစ်ရာ........

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Tempat cerita menjadi hidup. Temukan sekarang