Part 5

897 90 1
                                    

Unicode

"သား အပြင်ပြန်ထွက်ဦးမှာလား"

"မသွားတော့ဘူး တီလေး...ကျွန်တော်ဒီနေ့နားချင်ပြီ"

အိမ်ရောက်တော့ အခန်းထဲပြေးဝင်ဖို့အလုပ်
တီလေးဆီက ဂရုဏာသက်သော လေသံနှင့်မေးခွန်းထွက်လာ၏။ နားချင်ပြီ ကျွန်တော်တကယ်အရမ်းမွန်းကြပ်နေပြီ။

တီလေးဆီက ပြန်လာမည့်စကားကိုမစောင့်ပဲအခန်းထဲတချိုးတည်းဦးတည်ဝင်လာမိသည်။

ဒီလိုနေ့မျိုးတွေမကြုံချင်လို့အစကတည်းက ကိုယ်တစ်နှစ်ကျော်လောက်အချိန်အကြာကြီး မင်းကိုပုန်းနေခဲ့ရတာ ပတ်ပြေးနေခဲ့ရတာ Nanon ရဲ့။

အကြောင်းရင်းဆိုလို့ မယ်မယ်ရရအသိမပေးနိုင်ခဲ့ပဲ
ထားပစ်ခဲ့တာတောင် မင်းကစိတ်မနာခဲ့ဘူးတဲ့လား။ မင်းမျက်ဝန်းတွေက အရင်အတိုင်း ကိုယ့်အတွက်ဆိုနူးညံ့နေတုန်းတဲ့လား...။ ကိုယ့်ကိုမြင်တာနဲ့ မေ့လဲသွားတဲ့အထိ မင်းဘယ်လောက်ထိတောင်မွန်းကြပ်နေခဲ့ရတာလဲကလေးရယ်။

" ဖက်ထားချင်လိုက်တာ...တကယ်အများကြီး အနားမှာအားပေးချင်လိုက်တာ"

ပါးစပ်ကနေအရူးလိုရေရွတ်ရင်း ပါးပြင်ထက်သို့ မျက်ရည်ပူတွေက အထိန်းအကွပ်မဲ့စွာကျလာ၏။ နှလုံးသားကသေမတတ်ရူးသွပ်နေတာတောင် ဦးနှောက်ရဲ့ အမိန့်ပေးမှုတွေကြောင့် အနားမကပ်ရဲခဲ့တဲ့နေ့ရက်တွေမှာ ငါလေရူးမလိုပဲ Nanon ရဲ့။ ဒီတစ်လျှောက်လုံး မင်းငါ့ကိုစိတ်နာနေမှာ
မေ့သွားလောက်မှာ မုန်းနေလောက်မှာဆိုတဲ့အသိနဲ့ အားတင်းနေထိုင်လာခဲ့သမျှ မင်းမျက်နှာမြင်ရတဲ့အခါမှာ အလဲလဲအပြိုပြိုပါပဲ။ မင်းအပေါ်အမြဲ မကောင်းခဲ့တဲ့ ငါ့ကိုမှသိပ်ကိုသံယောဇဥ် တွယ်နေတာတဲ့လား....။

မုန်းလိုက်ပါကလေးရဲ့ ဒီကကောင်က မင်းအပေါ်ဘာတွေများ
ကောင်းပေးခဲ့လို့လဲ။

ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ရင်း ဒူးနှစ်ဖက်အပေါ်မျက်နှာအပ်ငိုကြွေးနေမိသည်။ ဒီတောအတွင်း ပင်ပန်းခဲ့သမျှတွေအတွက်
ငိုပစ်ရင် အနည်းငယ်တော့သက်သာရရမည်မလား။

မော့ကြည့်မိတော့ကုတင်ဘေးရှိခုံပေါ်မှ ချစ်ရသူကလေး၏
ဓာတ်ပုံက အပြစ်ကင်းစွာပြုံးပြလို့နေသည်။ ဘောင်ထဲထည့်ထားသည့် ထိုဓာတ်ပုံဘောင်လေးအားဆွဲယူကာရင်ခွင်ထဲထည့်ပိုက်မိတော့ အတွင်းတစ်နေရာမှာ နွေးထွေးမှုကိုခံစားရသည်။ Nanon နဲ့ပတ်သတ်လာရင် သူ့အတွက်ဓာတ်ပုံလေးတစ်ပုံကအစ ခံစားချက်ပေါင်းများစွာကိုပေးစွမ်းနိုင်၏။

𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫 Where stories live. Discover now