💕 Let's Date💕

Start from the beginning
                                        

"လက်က လွှတ်တော့လေ"

"ဟူးးးးး မလွှတ်ချင်သေးဘူး.. ဒီလိုနေ့မျိုးမှာ အချိန်အကြာကြီးအတူတူရှိနေရမှာကို အချိန်ကုန်တာ အရမ်းမြန်တာပဲ"

ကလေးဆန်ဆန်ပြောနေတဲ့ စေ့မျက်နှာက ကားထဲမှာဖွင့်ထားတဲ့ မီးရောင်အောက်မှာတောင် ကြည့်ကောင်းနေဆဲ။

"မနက်ဖြန် ကျွန်တော်တို့မနက်စာအတူတူစားကြရအောင်.. "မ"ကို ဘယ်အချိန်လာကြိုရမလဲ"

"အင်း.. ၇နာရီခွဲလောက်လာခဲ့လေ.. နှောင်းစောင့်နေမယ်"

"အင်း.. ဒီနေ့က ကျွန်တော်တို့ချစ်သူစဖြစ်တဲ့ရက်လို့ သတ်မှတ်လို့ရပြီပေါ့နော်"

"အင်း"

"အခုလေ ကျွန်တော့်ရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလိုပဲသိလား.. ကျွန်တော့်ကို ချစ်သူအဖြစ်ရွေးချယ်ပေးလို့ "မ"ကို ကျေးဇူးတင်ပါတယ်"

ကျေးဇူးတင်စကားဆုံးသွားတာနဲ့ စေ မြတ်နိုးစွာဖြင့် ဆုပ်ကိုင်ထားတဲ့ "မ"လက်လေးကို ဆွဲယူပြီး လက်ဖမိုးကို နမ်းလိုက်သည်။ နမ်းပြီး "မ"ကို မော့ကြည့်တော့ "မ"က စေ့ကို ပြုံးပြီးကြည့်နေသည်။ အခုအဖြစ်အပျက်တွေက စေ့အတွက် အိမ်မက်တစ်ခုလိုပင်။ အိမ်မက်ဆိုရင်တောင် ဘယ်တော့မှာမနိုးထချင်တော့တဲ့ အိမ်မက်တစ်ခုပေါ့။ စေ့ရှေ့မှာပြုံးပြီး စေ့ကိုကြည့်နေတဲ့ "မ"က အရမ်းကိုချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိလွန်းသည်။

"နှောင်းသွားတော့မယ်နော်"

"ခဏ"

"..............."

"ချစ်သူဖြစ်တဲ့ပထမဆုံးနေ့မှာ အမှတ်တရတစ်ခုလောက်တော့ ရှိသင့်တယ်မဟုတ်ဘူးလား"

"အမှတ်တရ"

"အင်း"

ထိုင်ခုံခါးပတ်ဖြုတ်ကာ ကားပေါ်ကဆင်းဖို့ပြင်နေတုန်း စေက လက်ပြန်ဆွဲကာ ထူးထူးဆန်းဆန်းစကားဆိုတာကြောင့် စေ့ဘက်လှည့်ကာ ‌ပြန်မေးနေတုန်း စေက သူပတ်ထားတဲ့ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ လက်ကိုဆွဲလိုက်တာကြောင့် နှောင်းခန္ဓာကိုယ်လေးက စေ့ဘက်သို့ယိုင်သွားသည်။ ပြီးတာနဲ့ နဖူးပေါ် အနမ်းနွေးနွေးတစ်ပွင့် မထင်မှတ်ပဲ ရရှိလာတာကြောင့် နှောင်း ရင်တွေခုန်ကာ ခြေဖျားလက်ဖျားတွေအေးလာပြီး စေ့ကို မကြည့်ရဲ။ စေ့နှုတ်ဖျားက

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now