💕 Let's Date💕

Start from the beginning
                                        

" "မ" ဘာပြောလိုက်တယ်.. နောက်.. နောက်တစ်ခေါက်လောက် ကျွန်တော့်ကိုပြန်ပြောပါဦး"

"ချစ်တယ်လို့ပြောဖို့ ခုထိ ကိုယ့်ကိုကိုယ်မသေချာသေးလို့ မပြောနိုင်သေးပေမယ့် စေနဲ့တွေ့ရင် နှောင်းရင်ခုန်တယ်.. နောက်ပြီး စေ့ကိုလည်း နှောင်းသဘောကျတယ် ဒါကြောင့် စေ့ဘက်က အဆင်ပြေရင် နှောင်းတို့တွဲကြရအောင်"

"ဗျာ.... "မ" တကယ်ပြောနေတာနော်"

"အင်း"

"တွဲမယ်.. ဟားးးးးး ကျွန်တော်တို့တွဲကြမယ် "မ".. ကျွန်တော့်ကို မချစ်သေးရင်တောင် သဘောကျတယ်ဆိုတာနဲ့တင် ကျွန်တော့်အတွက် သေပျော်ပြီ.. "မ"ဘက်က ကျွန်တော့်ကို ချစ်တယ်လို့ပြောလာမယ့်နေ့အထိ ကျွန်တော် အမြဲတမ်းစောင့်နေမယ်.. ဟားးးး ကျွန်တော်ပျော်လိုက်တာ"

စိတ်လှုပ်ရှားစွာ နှောင်းပုခုံးကိုကိုင်ထားရာကနေ ဆွဲဖက်လိုက်တဲ့ စေ ကြောင့် နှောင်းလန့်သွားသည်။

"စေ"

"ကျွန်တော့်ကို ရွေးချယ်ပေးလို့ "မ"နောင်တမရစေရဘူးလို့ ကတိပေးတယ်.. သစ္စာဆိုတာတွေ ကျိန်တာတွေဆိုတာက "မ"မမြင်ရတဲ့ နောင်ဘဝမှခံစားရမှာမို့ ကျွန်တော်ကတော့ "မ"ကို ကျိန်ပြမှာမဟုတ်ပဲ လက်တွေ့သက်သေပြသွားမယ်.. "မ"ကို ဘယ်လောက်ထိချစ်လဲဆိုတာ"

ဟက်ထိလောက်အောင်ပြောနေတဲ့ စေ့ကြောင့် နှောင်း ကြည်နူးစွာပြုံးလိုက်မိသည်။ ထို့နောက် နှောင်းကို ဖက်ထားတဲ့စေ့ ကျောပြင်ကို လက်နဲ့အသာပုတ်ကာ

"ဟုတ်ပါပြီ.. လောလောဆယ် နှောင်းကို လွှတ်ပါဦး.. လူတွေကြည့်နေပြီ"

"ဆော်ရီး "မ" ကျွန်တော် သတိလက်လွတ်ဖြစ်သွားတယ်"

"ရပါတယ်"

ရှက်ရှက်နဲ့ မယားတဲ့လည်ပင်းကို ပွတ်သပ်လိုက်ပြီး

"နှောင်းတို့ သွားရအောင်လေ"

"အင်း"

လက်ဝါးဖြန့်ကာ ကမ်းပေးလာတဲ့ စေကြောင့် နှောင်းပြုံးလိုက်ကာ နှောင်းရဲ့လက်ဖဝါးကို စေ့လက်ဖဝါးထဲထည့်လိုက်ပြီး လက်ချင်းတွဲပြီးလမ်းလျှောက်လာကြသည်။ နှောင်းရဲ့လက်ဖဝါးသေးသေးလေးကတော့ စေ့ရဲ့ကြီးမားတဲ့လက်ဖဝါးထဲမှာ မြင်တောင်မမြင်ရ။ နှစ်ယောက်သားလက်ချင်းတွဲလျှောက်လာရင်း ကုမ္ပဏီနားအရောက် စေက ကားသွားယူပြီး နှောင်းကို အိမ်ပြန်လိုက်ပို့ပေးသည်။ လမ်းတစ်လျှောက်ဘာစကားမှ မပြောဖြစ်ကြပေမယ့် လက်ကတော့ ကိုင်ထားမြဲပင်။ နှောင်း တိုက်ခန်းရှေ့ကားရပ်သွားတာနဲ့ ဆင်းဖို့လုပ်ပေမယ့် စေက လက်မလွှတ်သေးတာမို့ နှောင်းပြုံးလိုက်ကာ

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now