နှောင်း ခြေလှမ်းရပ်ကာ စေ့ကိုမော့ကြည့်တော့ စေကလည်း ခြေလှမ်းရပ်ကာ နှောင်းကို ငုံ့ကြည့်သည်။ နှောင်းပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်နေတဲ့စေ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး
"နှောင်းကိုယ်တိုင်တောင် မသိတဲ့ နှောင်းရဲ့အကျင့်ဆိုးတွေ အများကြီးရှိတယ်.. အခုစေ့ရှေ့မှာ ရပ်နေတဲ့ နှောင်းရဲ့ပုံစံကိုကြည့်ပြီး စေ့အတွက် လှတယ်လို့မြင်နေပေမယ့် စေမသိတဲ့ နှောင်းပုံစံက အများကြီးရှိသေးတယ်.. စေ စိတ်ပျက်နိုင်တဲ့ပုံစံလည်း နှောင်းမှာရှိနိုင်တယ်.. ဟင်းးးး ခုပြောနေတဲ့စကားတွေကို ကိုယ့်ကိုကိုယ်တောင် နားမလည်တော့ဘူး"
အစီစဉ်တကျမရှိပဲထွက်လာတဲ့စကားတွေကြောင့် နှောင်းစိတ်ပျက်စွာဖြင့်ပြောတော့
"ရတယ် "မ"အဆင်ပြေသလိုပြော.. ကျွန်တော် နားထောင်ပေးမယ်"
"နှောင်းပြောချင်တာက အဆိုးဆုံးအခြေအနေတွေထိ စေ့ကိုတွေးဖို့ပြောချင်တာ.. အချစ်ဆိုတာ အမြဲထာဝရတည်ရှိနိုင်မယ်လို့ နှောင်းမယုံကြည်ဘူး.. တည်ငြိမ်နေတဲ့နှောင်းဘဝကို အချစ်ဆိုတဲ့အရာဝင်လာပြီး ခလောက်ဆန်ခွင့်မပြုနိုင်ဘူး"
ချစ်ရမှာကြောက်နေတဲ့ "မ"ကို စေကြည့်ပြီး သက်ပြင်းဖွဖွချလိုက်ပြီးနောက် လက်မှာကိုင်ထားတဲ့ အထုတ်တွေကို အောက်ခဏချကာ "မ"ပုခုံးနှစ်ဖက်ကို ဖွဖွလေး ကိုင်လိုက်ပြီး
" "မ"စိုးရိမ်နေတာတွေကို ကျွန်တော်နားလည်တယ်.. အခုလိုအကွာဝေးမှာပဲ "မ"က ရပ်နေပေး.. ကျွန်တော်ကပဲ "မ"ဆီ တစ်လှမ်းခြင်း ရှေ့တိုးလာခဲ့ပေးမယ်.. အဆိုးဆုံးအခြေအနေထိဆိုတာမျိုး ကျွန်တော်မတွေးဖူးဘူး.. ဘာလို့လဲဆိုတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တဲ့ကိစ္စမို့လို့.. ဒီအတိုင်းလေးပဲ ကျွန်တော့်ဘေးက ထွက်မပြေးပဲ ရှိနေပေး ကျန်တာအားလုံး ကျွန်တော့်တာဝန်ထားလိုက်.. နော် "မ" "
"..............."
"နော်လို့.. အဲ့လိုခေါင်းကြီး မငုံ့ထားပါနဲ့.. "မ"မျက်နှာညှိုးရင် မနေတတ်လို့ပါ.. နော်.. ကျွန်တော့်ကိုကြည့်ပါဦး"
"နှောင်းတို့တွဲကြရအောင်"
"ဗျာ"
ခေါင်းမမော့လာလို့ စိတ်ပူမိပေမယ့် ခေါင်းမော့လာပြီး စေ့မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောလိုက်တဲ့ "မ"စကားကြောင့် စေကိုယ့်နားကိုယ် မယုံနိုင်။ နေပါဦး အခု သူကြားချင်တာတွေ ကြားနေတာများလား။ မယုံနိုင်စွာ နောက်တစ်ခေါက် ပြန်မေးကြည့်တော့
💕 Let's Date💕
Start from the beginning
