💕 Let's Date💕

Start from the beginning
                                        

"ဪ.. ကိုရောင်နီဦးကို "မ"ရဲ့သက်ဆိုင်သူလို့ ထင်ပြီး စိတ်ထဲနှမြောသလိုနဲ့ ဝမ်းနည်းမိသေးတယ် ဟွန့်.. နောက်တော့ "မ"ကို စာအုပ်ဆိုင်မှာတွေ့တယ်လေ.. အဲ့နေ့တုန်းက "မ" စာအုပ်ဆိုင်ထဲ ဝင်သွားတာတွေ့လို့ ကျွန်တော် တမင်လိုက်ဝင်ခဲ့တာ.. ဖြစ်ချင်တော့ ကံကြမ္မာက ကျွန်တော့်ဘက်မှာဆိုတော့ ‌ဒီနေ့လို "မ"နဲ့ ရင်းနှီးခွင့်ရခဲ့တာပေါ့"

"ဒါဆို နှောင်းကို အဲ့နေ့ကတည်းက စေ့ဘက်က စိတ်ဝင်စားခဲ့တယ်လို့ ပြောတာလား"

"အင်း.. အခုတော့ ဒီရင်ဘတ်ထဲအပြည့်ချစ်နေမိသွားပြီ.. ဟားး... "မ"နဲ့ အတူ ဒီလိုမျိုး လမ်းလျှောက်ရတဲ့ ခံစားချက်က တိမ်တွေပေါ်လမ်းလျှောက်နေရသလိုပဲ.. ကျွန်တော် အရမ်းသဘောကျတယ်"

ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး ရေရွတ်နေတဲ့စေ့ကို နှောင်းကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"စေ နှောင်းကို ဘာလို့သဘောကျတာလဲ"

" "မ"ရဲ့မေးခွန်းက မှားနေပြီ.. ဘာလို့သဘောကျလဲလို့မေးရမှာ မဟုတ်ဘူး ဘာလို့ချစ်တာလဲလို့ မေးရမှာ"

"ဟွန့် စေကတော့ တကယ်ပဲ.. ဟုတ်ပါပြီ.. နှောင်းကို ဘာလို့ချစ်တာလဲ"

"အကြောင်းပြချက်မရှိဘူး.. ဒီအတိုင်း "မ"ဖြစ်နေလို့.. "မ"နဲ့တွေ့တိုင်း ဒီနေရာက အရမ်းခုန်တယ်"

"..............."

" "မ"ကို အချိန်တိုင်း တွေ့ချင်တယ်.. "မ"အသံကို အချိန်တိုင်း ကြားချင်တယ်.. "မ"နားမှာ အမြဲရှိချင်တယ် ပြီးတော့ "မ"အကြောင်းတွေးရုံ စဉ်းစားရုံနဲ့ ဒီနေရာက အရမ်းခုန်တယ်.. အဲ့လောက်ထိ "မ"ကို ချစ်တယ်"

"စေ"

"ဗျာ"

"နှောင်းက အရမ်းအတွေးများတယ်"

"အင်း"

"မဖြစ်လာသေးတဲ့အရာတွေကို တွေးပူတတ်တယ် ဘာလို့လဲဆို‌တော့ နှောင်းက ဒီနေ့အတွက် အသက်ရှင်နေတဲ့သူမဟုတ်ပဲ မနက်ဖြန်အတွက် အသက်ရှင်တဲ့သူမို့လို့လေ"

"အင်း"

"ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တယ်.. လူတွေက နှောင်းရဲ့အတင်းကို ပြောကြတာမျိုးမလိုချင်ဘူး ဒါကြောင့် နှောင်းအမြဲသတိနဲ့နေထိုင်တယ် နောက်ပြီး.. အချစ်နဲ့ပတ်သက်ပြီး နာကျင်ရမှာကြောက်တယ်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now