💕 Let's Date💕

Start from the beginning
                                        

"ဒါနဲ့လေ ပန်းချီကားထဲက ပုံကို စေ့ဘာသာ စိတ်ကူးယဉ်ပြီး ဆွဲထားတာလား"

" "မ"က ဘယ်လိုထင်လို့လဲ"

"နှောင်းမသိလို့ စေ့ကိုမေးတာပေါ့.. စေပန်းချီထဲမှာ ဆွဲထားတဲ့ဂါဝန် နှောင်းဆီမှာရှိတယ်.. အဆင်နည်းနည်းတော့ကွဲတာပေါ့နော်.. နောက်ပြီး နှောင်း စေနဲ့တွေ့တာ ရုံးဆင်းချိန်ပဲများတယ်လေ.. အဲ့တော့ နှောင်းအဲ့လိုစာဖတ်တာမျိုး စေ့ရှေ့မှာ မလုပ်မိဘူးလို့ထင်တာပဲ.. အဲ့ဒါကြောင့်..."

ပြောလက်စ စကားကို ရပ်ကာ စေ့ကို မော့ကြည့်နေတဲ့ "မ"ကြောင့် စေပြုံးပြလိုက်ပြီး

""မ"ကို ကျွန်တော်စတွေ့ဖူးတာ စာအုပ်ဆိုင်မှာ မဟုတ်ဘူး"

"...................."

"ကော်ဖီဆိုင်.. ( )လမ်းက ကော်ဖီဆိုင်မှာ "မ"ကို စတွေ့ဖူးတာ"

"( )လမ်းက ကော်ဖီဆိုင်"

စေ့စကားကို သံယောင်လိုက်ကာ နှောင်းရေရွတ်လိုက်ရင်း ဦးနှောက်ကို သတိပေးလိုက်တော့ လင်းတို့နဲ့ရုပ်ရှင်ကြည့်ဖို့ချိန်းထားတုန်းက နှောင်းထိုင်ခဲ့တဲ့ ကော်ဖီဆိုင်ပင်။ မှတ်မှတ်ရရ အဲ့နေ့က နှောင်းအဝါရောင် ဂါဝန်လေးဝတ်ထားခဲ့တာ။ ဒါဆို စေ.. စေက အဲ့ကတည်းက နှောင်းနားမှာ ရှိနေခဲ့တာပေါ့။ အဲ့တုန်းက နှောင်းရဲ့ပုံရိပ်ကို ပန်းချီကားအဖြစ်ဖန်တီးထားတာပေါ့။ မယုံနိုင်တဲ့
မျက်လုံးတွေနဲ့ စေ့ကိုပဲ ကြည့်နေမိသည်။

"အဲ့နေ့က ကျွန်တော် ကော်ဖီဝယ်ပြီး ပြန်ဖို့လုပ်နေတုန်း "မ"က ဆိုင်ထဲကို ဝင်လာတာ.. အဲ့နေ့က "မ"ပုံစံက ကျွန်တော့်အတွက် အရမ်းဆွဲဆောင်မှုရှိနေတော့ မပြန်ဖြစ်ပဲ "မ"နားမှာပဲ ရှိနေခဲ့တာ.. "မ"မသိဘူး ဟုတ်"

ခေါင်းညိတ်ပြလိုက်တာက မသိဘူးဆိုတဲ့ အဓိပ္ပါယ်မို့ စေရယ်လိုက်ရင်း နှစ်ယောက်သား ရပ်နေရာမှ လမ်းလျှောက်ရင်း စကားပြန်ဆက်ကြသည်။

"ကိတ်မုန့်တွေမစားပဲ ပေါင်မုန့်တွေကိုပဲ ရွေးစားတယ်.. ပြီးတော့ စာထိုင်ဖတ်တယ် နောက်တော့ ယောကျာ်းလေးတစ်ယောက်နဲ့အတူ ဆိုင်ထဲက ထွက်သွားတယ်"

"အဲ့ဒါ ဦးလေ"

"ဦး"

"အင်း နှောင်းသူငယ်ချင်း ရောင်နီဦးတဲ့.. ဟီး နှောင်းကတော့ သူ့ကို ဦးလို့ပဲခေါ်တာ အကျင့်ဖြစ်နေလို့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now