"ဟွန့်.. ချစ်တာကိုး "မ"ရဲ့"
"အဲ့လို အသည်းယားစရာ စကားတွေမပြောပါနဲ့ဆို"
ရှက်ဝဲဝဲအသံလေးနဲ့ဆိုလာတဲ့ "မ"ကြောင့် စေ ရယ်လိုက်မိပြီး နှစ်ယောက်အတူတူ ကုမ္ပဏီဘက် ပြန်လမ်းလျှောက်လာခဲ့ကြသည်။ မြို့ထဲလမ်းမို့ ည၇နာရီထိ လူသွားလူလာမပြတ်သလို မာကျူရီမီးရောင်အောက်မှာ "မ"နဲ့အတူတူ ယှဉ်တွဲလမ်းလျှောက်ရတဲ့ ခံစားချက်က စေ့အတွက် တိမ်တွေပေါ်လမ်းလျှောက်နေရသလိုပင်။
"ဒီနေ့ ကျွန်တော့်ရဲ့ပန်းချီပြပွဲကို "မ"ဘယ်လိုမြင်လဲ"
"နှောင်းအမြင်ကိုမေးတော့ နှောင်းကဘယ်သိမှာလဲ.. ပန်းချီအကြောင်း ဘာမှမသိပါဘူးဆို"
နှောင်း မျက်စောင်းဝင့်ကာ ပြောလိုက်တော့ စေကရယ်သည်။ ပြီးတော့
"ဒီအတိုင်း "မ"ရဲ့ First Impression ကို မေးတာပါဗျ"
"အင်း.... ဘယ်လိုပြောရမလဲ.. စေညွှန်ရာဆိုတာ နှောင်းထင်ထားတာထက် ပိုပြီး ပြည့်စုံခမ်းနားတဲ့သူ၊ တော်တဲ့သူ၊ နာမည်ကြီးတဲ့သူလို့ ခံစားရတယ်"
"မ"ရဲ့စကားအသွားအလာကို နားထောင်ပြီး ဘာကိုဆိုလိုချင်သွားလဲဆိုတာ သိလိုက်တဲ့စေက
"အဲ့တော့ "မ"က ယုံကြည်ချက်မရှိတော့ပြန်ဘူးပေါ့"
ဘာပြန်ပြောရမှန်းမသိတာကြောင့် စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ ပန်းချီကားအကြောင်းမေးဖို့ စိတ်ကူးရကာ ခြေစုံရပ်လိုက်ပြီး
"ဪ.. ဒါနဲ့လေ.. ပြပွဲမှာ စေဆွဲထားတဲ့ မိန်းကလေးတစ်ယောက် စာဖတ်နေတဲ့ပန်းချီကားလေ"
"အင်း"
"ဟို.. နှောင်း ကိုယ့်ကိုကိုယ်အထင်ကြီးတာတော့ မဟုတ်ပေမယ့်..... ဟို နှောင်းစိတ်ထဲထင့်နေတာနဲ့လေ....."
နှောင်းပြောလက်စ စကားကို ရပ်လိုက်ပြီး
စေ့ကို မဝံ့မရဲတစ်ချက်ကြည့်လိုက်ပြီးမှ
"အဲ့ဒါနှောင်းပုံလားဟင်.. ပန်းချီကားထဲက လက်ကောက်နဲ့ နှောင်းလက်ကောက်လေးနဲ့က တစ်ထေရာတည်းဖြစ်နေလို့.. ဒီမှာလေ.. ပြီးတော့ ဆံပင်ပုံစံလည်း ဆင်နေသလားလို့.. အဟမ်း အဟမ်း မဖြစ်နိုင်ပါဘူးနော့် အဟမ်း"
💕 Let's Date💕
Comenzar desde el principio
