💕 Let's Date💕

Start from the beginning
                                        

နှောင်းကို စကားပြောရင်း နှောင်းလက်နှစ်ဖက်မှာ
ကိုင်ထားတဲ့ အထုတ်နှစ်ထုတ်ကို လှမ်းယူလိုက်တဲ့ စေ။

"ရပါတယ်.. နှောင်းဘာသာ သယ်ပါ့မယ်"

""မ"လေးနေမှာစိုးလို့"

"အွန်း ကျေးဇူး.. မနက်က မမမြတ်တို့ရှိနေမယ်ထင်လို့
မလာတာ.. နှောင်းကိုတွေ့ရင် မမမြတ်တို့အတွက်
မေးခွန်းထုတ်စရာဖြစ်နေမှာစိုးလို့လေ.. ပြန်ခါနီး နှောင်း
နှုတ်ဆက်ဖို့လုပ်တော့ စေလည်း ဧည့်သည်တွေနဲ့
စကားကောင်းနေလို့ တမင်နှုတ်မဆက်ပဲ ပြန်လာ
လိုက်တာ.. ပြန်ရောက်မှ ဖုန်းဆက်မယ်ဆိုပြီး"

ဘေးချင်းယှဥ်လျှောက်ကာ စကားပြောနေတဲ့ "မ"ကို
တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့တည့်တည့်ကို ပြန်ကြည့်ကာ

"ကျွန်တော် "မ"ကို တကယ်စိတ်ပူသွားတာ"

"ဘာကိုလဲ"

"ကောင်းပြည့်က "မ"ထွက်သွားတာ ၁၅မိနစ်လောက်ပဲ
ရှိသေးတယ်ပြောလို့ ကျွန်တော် ချက်ချင်းလိုက်လာခဲ့တာ
ဖုန်းကလည်း ဆက်သွယ်မရနဲ့ဆိုတော့ လူကိုပူထူ
သွားတာပဲ.. အခုပဲကားပြန်ယူပြီး "မ"အိမ်ဘက်လာဖို့
လုပ်နေတုန်း "မ"နဲ့တွေ့တာ"

နှောင်း စေ့ကိုမော့ကြည့်လိုက်မိသည်။ စေ ပြောနေတဲ့
စကားတွေဟာ အလိမ်အညာတွေ မဟုတ်မှန်း စောနက
စေ့ပုံရိပ်က သက်သေပြနေသည်။ ရင်ထဲမှာ ကြည်နူးမှုလေးဝင်လာပေမယ့် တဆက်တည်း စေ့ကို အားနာသွားတာကြောင့်

"အားနာလိုက်တာစေရယ်.. ဖုန်းကဆက်သွယ်လို့မရတာ လင်းနဲ့ဖုန်းပြောနေလို့ဖြစ်မယ်"

"အွန်းပါ.. ကုမ္မဏီဘက်ပြန်သွားရအောင်.. ကျွန်တော်ကားသွားယူပြီး "မ"ကိုပြန်လိုက်ပို့ပေးမယ်"

"ရပါတယ်.. နှောင်းဘာသာ တက္ကစီငှားပြန်လိုက်ပါ့မယ်.. ရတယ် ရတယ် ပေး နှောင်းအထုတ်တွေ"

"မိုးချုပ်နေပြီ "မ"ရဲ့.. "မ"ကို တစ်ယောက်တည်း ပြန်ခိုင်းရလောက်တဲ့ထိ ကျွန်တော့်အသည်းမမာဘူးဗျ.. ခုတောင် စိတ်ပူနေရတာ "မ"ကို......"

"ဟုတ်ပါပြီ လိုက်ပို့ပေးပါတော့.. တကယ်ပဲ ဒီနေ့မှ စကားတွေအရမ်းများတာပဲ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now