💕 Let's Date💕

Start from the beginning
                                        

မနက်မိုးလင်းကတည်းက ဒီလိုမျိုး ‌ခြွေနေတဲ့ စေ့ကြောင့်
နှောင်း နှုတ်ခမ်းအတွင်းသားကို ကိုက်လိုက်ပြီး
ပြုံးချင်နေတဲ့နှုတ်ခမ်းတို့ကို မနည်းထိန်းနေရသည်။

"အပိုတွေပြောမနေနဲ့.. မောင်းတော့လေ ဗိုက်ဆာနေပြီ"

"အိုခေပါဗျာ.. ဪ ခဏ မေ့လို့"

ဘောင်းဘီအိတ်ထဲက တစ်ခုခုကိုနှိုက်နေတဲ့စေ့ကြောင့်
နှောင်းသိချင်စိတ်ဖြင့် စေ့ဘက်ခေါင်းစောင်းကာ
ကြည့်လိုက်မိချိန်မှာတော့ လုံးဝမထင်မှတ်ထားတာ
ဖြစ်လာခဲ့သည်။ စေရယ်လေ.. နှောင်းပါးကို လူလည်ကျပြီး နမ်းလိုက်လေရဲ့။

"Morning Kiss"

"မ"ရဲ့ ညာဘက်ပါးလေးကို ဖိကပ်နားလိုက်ပြီးနောက်
"မ"နဲ့ အကြည့်ချင်းဆုံအောင်ကြည့်လိုက်ပြီး စေပြောလိုက်တော့ "မ"က ရင်ခုန်ဖွယ်ရာ ချစ်မျက်စောင်းတစ်ခု ‌စေ့ကိုစွန့်ကြဲလာသည်။

"စေနော်.. အရမ်းအသားယူတာပဲ.. နှောင်းက
အဟုတ်မှတ်လို့"

"ဘာလို့လဲ "မ"ရဲ့.. ကိုယ့်ချစ်သူမို့ ကိုယ်နမ်းတာလေ"

"စေ့ကိုလည်း ဒီလိုလည်း မျက်နှာပြောင်တိုက်တတ်မယ်လို့မထင်ထားဘူးသိလား"

"ဟောဗျာ.. ကဲ အခု ဘာစားချင်လဲ
ဘယ်ကိုမောင်းရမလဲ"

"အင်းးးးး နှောင်း မြီးရှည်စားချင်တယ်.. မြီးရှည်ကောင်းကောင်းရမယ့်ဆိုင်သွားကြတာပေါ့"

"အိုခေ ကျွန်တော်သိတဲ့ဆိုင်တစ်ဆိုင်ရှိတယ်..
အဲ့ကိုပဲ သွားကြတာပေါ့"

"အင်း.. ဘာလဲ"

ညာဘက်လက်ကို ကမ်းပေးလာတဲ့စေ့ကို
နှောင်းမေးဆက်ကာ မေးလိုက်တော့

" "မ"လက်ပေးလေ"

"ဟယ် ကားကိုကောင်းကောင်းမောင်းပါ..
လက်တစ်ဖက်တည်းနဲ့မောင်းတာ
အန္တရာယ်များတယ်နော်"

"ကားမောင်းတာက ကျွန်တော့်ရဲ့ကျွမ်းကျင်မှုထဲမှာ
တစ်ခုပါတယ် "မ"စိတ်မပူပါနဲ့.. ဒါပေမယ့်
လောလောဆယ် ကျွန်တော် တစ်နေ့လုံးစာအတွက်
အားသွင်းရဦးမှာမို့လို့ "မ"လက်လေးကိုင်ထားလိုက်ရင်
အလိုလိုအားတွေပြည့်လာတာ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now