💕 Let's Date💕

Start from the beginning
                                        

💕💕💕💕💕💕💕💕💕💕

ဒီနေ့တော့ ပုံမှန်အိပ်ရာထချိန်ထက် စောစောထဖြစ်သည်။ ဘီဒိုထဲကအဝတ်တွေ တစ်ထည်ပြီးတစ်ထည်
ကိုယ်မှာကပ်ကြည့်လိုက် မကြိုက်လို့ ခုတင်ပေါ်
ပစ်တင်လိုက် လုပ်နေတာ တော်တော်ကြာနေပြီမို့
ခုတင်ထက်မှာ အဝတ်တွေက မြင်မကောင်းလောက်အောင် ရှုပ်ပွနေတာ အမှန်ပင်။ မနေ့ကချစ်သူဖြစ်ပြီး
ဒီနေ့မနက်စာအတူတူစားဖို့ချိန်းထားတာဆိုတော့ ဒီနေ့က နှောင်းအတွက် ပထမဆုံးနေ့လို့ပြောလို့ရတယ်လေ။ ပထမဆုံးနေ့မှာ အရင်ကထက် ပိုလှချင်ပေမယ့် အလှပြင်လာတယ်ဆိုတာကိုလည်း မသိသာစေချင်ဘူး၊ အဝတ်စားလှလှလေးဝတ်ချင်ပေမယ့် အရမ်းသိသာနေမှာကိုလည်း မလိုလားဘူး။ ဒီလိုနဲ့နှောင်း ရေချိုးပြီးတာတောင် ဝတ်မယ့်အဝတ်အစားရွေးနေတာနဲ့ပင်
ချွေးတောင်ပြန်ထွက်ချင်လာသည်။

စေကလည်း ထွက်လာပြီဆိုပြီး စာပို့ထားတာကြောင့်
စိတ်လျော့ကာ အရင်ပြင်ဆင်နေကြအတိုင်း မိတ်ကပ်
ပါးပါးကြည်ကြည်လေးသာ လိမ်းလိုက်သည်။
စတစ်ကာတွေမပါတဲ့ တီရှပ်အဖြူရောင်ကို
ခြေသလုံးတဝက်နားထိရောက်တဲ့ Medi Skirt
အပြာနုရောင်နဲ့တွဲဖက်ဝတ်ဆင်လိုက်ပြီး ဆံပင်တွေကိုတော့ စည်းနှောင်မထားပဲ ဒီအတိုင်းဖြန့်ချထားလိုက်သည်။

Accessories နဲ့ နာရီကိုဝတ်ပြီးတာနဲ့ နှောင်း
အလှပြင်ခြင်းက ပြီးဆုံးသွားပြီမို့ ဘီဒီုထဲက အနွေးထည်
အမည်းရောင်အပါးလေးကို ထုတ်ပြီး သေသေသပ်သပ်
ခေါက်ကာ လက်ကကိုင်လိုက်သည်။ ရာသီဥတုက
ဆောင်းဝင်ပြီမို့ အေးလာတာကြောင့် ပိုပိုလိုလိုယူသွားမှ
ဖြစ်မည်။ စီးနေကျ မထူလွန်း မပါးလွန်းတဲ့ ဒေါက်လေးကို စီးကာ မီးတွေအကုန်ပိတ်ပြီး အိမ်ကနေ ထွက်လာခဲ့သည်။ တိုက်ခန်းအောက် အရောက်မှာ စေ့ဆီက ရောက်နေပြီဆိုတဲ့ ဖုန်းဝင်လာတာကြောင့် တိုက်ခန်းနဲ့
ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ စေ့ကားရှိရာသို့ လျှောက်သွားလိုက်ပြီး ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။

"Good Morning "မ" "

"အင်း Morning"

"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား.. ကျွန်တော်တော့ ညကအိပ်လို့တောင် မပျော်ဘူး.. မိုးမြန်မြန်လင်းပြီး "မ"နဲ့ တွေ့ချင်လွန်းလို့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now