💕 Let's Date💕

Start from the beginning
                                        

"ဒီအမှတ်တရကိုပြောတာ" ဆိုတဲ့စကားကြောင့် နှောင်း ယောင်နနနဲ့ခေါင်းငြိမ့်လိုက်ပြီး

"အွန်း.. ဒါဆို နှောင်းသွားတော့မယ်နော် ကားကို ဂရုတစိုက်မောင်းသွားဦး"

"ဟုတ်ကဲ့ပါဗျာ"

စေလက်လွှတ်လိုက်တာနဲ့ ကားပေါ်ကနေ တစ်ချိုးတည်းပြေးဆင်းပြီး တိုက်ပေါ်တက်သွားတဲ့ "မ"ကြောင့် စေ ပျော်ရွှင်မြူးတူးစွာ ရယ်လိုက်မိသည်။ သူနမ်းလိုက်လို့ ရှက်သွားတဲ့ ဒီမိန်းကလေးကို စေ ရင်နှင့်အမျှချစ်ရပါသည်။ "မ"နေတဲ့အခန်းက မီးလင်းသွားမှ စေလည်း ထိုနေရာကနေ ‌ကားမောင်းထွက်ခဲ့လိုက်သည်။

ကုတင်ပေါ်ကန့်လန့်ဖြတ်လှဲရင်း အခုထိနွေးနေသေးတဲ့ နဖူးလေးကို လက်ချောင်းလေးတွေနဲ့အသာ ထိတွေ့လိုက်သည်။ ရင်ခုန်ကြည်နူးမှုဖြင့် နှုတ်ခမ်းပါးလေး ကွေးတက်နေအောင် ပြုံးလိုက်မိသည်။ ပူတက်လာတဲ့ပါးနှစ်ဖက်ကို လက်ဖဝါးလေးနဲ့ဖိလိုက်ပြီး သဘောကျစွာ ရယ်လိုက်မိသည်။ ခုတင်ပေါ်မှာ လူးလိမ့်ပြီး ရယ်နေတဲ့နှောင်းပုံစံက တစ်ယောက်ယောက်မြင်ရင် ရူးနေတယ်လို့တောင် ထင်မှတ်ရလောက်သည်။

ခဏနားပြီး ရေမိုးချိုးကာ ရေချိုးခန်းထဲကပြန်ထွက်လာတော့ ဖုန်းက Noti မီးလင်းနေတာမို့ ကြည့်လိုက်တော့ စေ့ဆီကနေမို့ ပြုံးမိသေးသည်။

📨ခုပဲအိမ်ပြန်ရောက်တယ် Good Night နော်.. အိမ်မက်လှလှမက်ပါစေ အရမ်းချစ်တယ်📨

📨အွန်း စေရောပဲ အိမ်မက်လှလှမက်ပါစေ.. မနက်မှတွေ့မယ်နော်"

📨အွန်း အရမ်းချစ်တယ်📨

ဘာရေးပို့ရမှန်းမသိတာမို့ စေ့ကို စာမပြန်တော့ပဲ ညစာကို ခေါက်ဆွဲပြုတ်စားဖို့ပြင်လိုက်သည်။ ဒီနေ့ ဦးတို့နဲ့ချိန်းထားတာလည်း ပျက်သွားတော့ ညစာစားမယ့်အစီအစဉ်က ဘယ်ရောက်သွားမှန်းမသိ။ ဒါထက် လင်းနဲ့ဖုန်းပြောတုန်းက လင်းအသံကသိပ်မကောင်းတာမို့ မနက်ဖြန်တော့ လင်းကို ဖုန်းဆက်ကြည့်ရဦးမည်။ ဒီညတော့ ချစ်သူတစ်ယောက်ရသွားတာမို့ အပျော်လွန်ပြီး မဆာသေးတဲ့ဗိုက်အတွက် ခေါက်ဆွဲပြုတ်နဲ့ပဲ နှစ်ပါးသွားလိုက်တော့မည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now